Thursday, August 11, 2022

သွားမလုပ်နဲ့

[]  သွားမလုပ်နဲ့  []
_________________

အဲ့တာမင်းလည်းနားမလည်ဘူး
မထိတာကောင်းမယ်။

ချိန်ကိုက်ဗုံးကြိုးတွေလို
ဝေလငါးအံသွားနားမှာမှ တွေ့ရတတ်တဲ့
ဘက်တီးရီးယား သိမ်သိမ်မွှားမွှားတွေလို

မင်းနားမလည်တာတွေဟာ
ပွစာကျဲ

ကမ္ဘာဟာမင်းနားမလည်လည်း
လည်နေတာပဲ
မင်းနားမှာမလည်လို့
ဘယ်နားသွားလည်ရမှာလဲ။

မင်းနားမလည်လောက်ဘူး
တစ်ချို့ကိစ္စတွေဟာ မီးတောင်ထဲမှာရှင်တဲ့
သတ္တဝါတွေ အအေးမိတဲ့အကြောင်းလို
မင်းမထိရင်ကောင်းမှာပေါ့။
မင်းမထိရင်ပြီးပြီ ။  ။

                                ကျားပေါက်


1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...