Thursday, August 11, 2022

ဒီမြင်ကွင်း




ဒီမြင်ကွင်း

မရှင်းရင် အခါခါပြန်ကြည့်စမ်း ယောက်ဖ
အညာက လှည်း ပေါ်မှာ 
သက် မဲ့ အညာသားတွေကိုတင်
အညာက ယာခင်းပြင်ကို ဖြတ်ဖို့
အညာက နွားတွေက ဆွဲလို့ပေါ့၊

အသက် မသေဘဲ ကျန်ခဲ့
လှည်းမောင်းနေတဲ့ အညာသားကြီးရင်ထဲ
ဘယ်လိုနေမယ် ထင်လဲ ယောက်ဖ?

တို့ အညာသားတွေက မဆန်းတတ်ပါဘူး
အေး---ဆန်းပြီဆိုလည်း 
မဆုတ်တော့ဘူးကွ လုံး၀ မဆုတ်တော့ဘူး။

ဆာတယ်ကွာ ဆာတယ်---
လွတ်လပ်မှုကို ဆာတယ်
စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဆာတယ်
ငါတို့ အပြည့်အ၀ မရခဲ့ဘူးတဲ့
လူ့ အခွင့်အရေးကို ဆာတယ်
ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို ဆာတယ်
အတ္တဝါဒီ ရေပေါ်ဆီတွေ မရှိတဲ့အရပ်ကို ဆာတယ်
လူ့ အန္ဓ တေ​ွ ကင်းမဲ့ဇုန်ကို ဆာတယ်။

နာတယ်ကွာ နာတယ်
ပေးဆပ်မှုတွေကို နာတယ်
အသားတွေလည်း နာတယ်
အသည်းထဲက နာတယ်
အရိုးထဲကလည်း နာတယ်
အတ္တဝါဒီ ရေပေါ်ဆီတွေကိုလည်း နာတယ်
လူ့ အန္ဓ တေွ ကိုလည်း နာတယ်။

ကြာတယ်ကွာ ကြာတယ်
သံသရာ အထိ တွက်ပြီး
လူ့ အန္ဓ တေွ ကို ပြန်မလာနိုင်ရာ အရပ် ပို့ဖို့
ငါတို့ တက်နိုင်တဲ့ ရာခိုင်နှုန်းတွေထဲ
အမုန်းတွေထည့်ပြီး
အမုန်း သုံးကြစို့ ယောက်ဖရေ----။      ။

                                         ထူးရွား( ၈/ )

#NHC2022

Credit to Original Uploader
...

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...