Saturday, August 13, 2022

ချစ်လှစွာသောကြယ်

ချစ်လှစွာသောကြယ်

ကောင်းကင်ယံမှာ
သုဿာန်မြေကို ‌တည်ဆောက်
ကမ္ဘာသို့လည်း အမှတ်တရတွေ ပစ်ချခဲ့တဲ့နောက်မှာ
ငါဟာ ယုတ္ထိဗေဒကို ယုတ္ထိမရှိဘူးလို့ စွပ်စွဲခဲ့တယ်
လွတ်လပ်ရေးအတွက် ကြိုးပမ်းနေတဲ့သူတွေက
ကောင်းကင်ယံမှာ မနားရတော့ဘူးလား
မြေကြီးကလာတဲ့သူတွေက မြေကြီးပဲပြန်သွားရမယ်ဆိုရင်တောင်
‌အချိန်တိုင်းမှာကြွေ
နေဝင်မှမြင်ရပေတဲ့
ချစ်လှစွာသောကြယ်တွေဟာ
သူရဲကောင်းတွေဖြစ်ခဲ့တာပါလို့
ကလေးတွေကို သင်ပေးချင်တယ်
ငါယုံကြည်ရာတွေကို ဘယ်သိပ္ပံ ဘယ်ဘာသာရေးကမှ မဖျက်နိုင်
လောင်ကျွမ်းနာကျင်နေတဲ့ ဥက္ကာခဲတွေက အဝေးကြီးမှာ လှပလျက်
သူရဲကောင်းတွေဟာ 
ငါတို့တာ‌ဝန်မကျေနိုင်လေခြင်းဆိုတဲ့ ဝမ်းနည်းခြင်းကို သယ်ဆောင်ကာ
ကောင်းကင်သုဿာန်ပေါ်မှာ အိပ်စက်ရင်း...
ဒါမှမဟုတ်...
ကြွေကျသွားရင်း...

#Tommy

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...