Saturday, August 13, 2022

အတ်တမိတ်တူ

အတ်တမိတ်တူ
_____________

အရင်က
သေရမှာကြောက်လို့
ရှောင်ရတာ များလှပါပြီလို့ ညည်းခဲ့

အခုတော့
ရှောင်ရမှာ ခက်လို့
သေရမှာကို ထည့်မတွက်တော့ပါဘူး

ကိုယ့်ကဗျာက
မဂ္ဂါဝပ် ဘယ်လောက်ထွက်မှာလဲ
ကိုယ့်ကဗျာဖတ်သူတွေ
ဘောလုံးတစ်ကွင်းစာလောက် မရှိရင်နေပါစေ
ဘောလုံး တစ်သင်းစာလောက်ရှိရင် တော်ပါပြီ

မျက်နှာပြောင်တယ်ပဲ ပြောပြော
ဒီဘဝမှာ
အဘ ဘိုးမင်းခေါင်လောက်တော့
အောင်မြင်ချင်ပါတယ်။

#လှသန်း

7 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...