ကြယ်စောင့်နတ်
⭐️⭐️⭐️⭐️⭐️⭐️
ကြွေသွားတဲ့ ကြယ်တွေကို
ငေးနေရုံနဲ့ မပြီးဘူး
ကြယ်တွေ ထပ်မကြွေဖို့
ဆုတောင်းရုံနဲ့ ရပ်မသွားဘူး
ကြယ်ပုပ်တဲ့ လက်တွေကို
ဖြတ်ထုတ်ဖို့ လိုတယ်လေ
ကြယ်တွေ ထပ်မကြွေဖို့
လက်သီးကိုဆုပ် မောင်းဖြုတ်ကြစို့
တစ်တောလုံး ကြွေတာကို
စောင့်ကြည့် မနေကြနဲ့
ကြယ်ကြွေရပ်ဖို့ စစ်ဘီလူးတွေ
လည်ကိုဖောက် ယဇ်ပူဇော်ကြမယ်
ကောင်းကင်တခွင်
ကြယ်စင်တိုင်း လင်းဖြာပါစေသား
San Zuren 🌸
Hello guys.
ReplyDelete