စတော်ဘယ်ရီနဲ့စီးကရက် ၃
ဘူတာရုံဟာသူ့နေရာမှာနေမြဲဘဲ
ရထားတွေသာ တစ်စင်းပြီးတစ်စင်း
ဆိုက်ရောက်လာတယ် ဖြတ်မောင်းသွားတယ်
ကိုယ့်ရဲ့ဘဝထဲ ဖြတ်လျှောက်သွားတဲ့
ချည်နှောင်ကြိုးတွေအထဲ
မင်းကလည်းခဏတာဘဲပေါ့
Julyကကိုယ့်ရဲ့အလွမ်းတွေဟာ
Augustလထိမိုးနဲ့အတူမပြတ်ဆဲခဲ့ဘူး
မျက်တောင်လေးကိုကော့ကြည့်လာရင်
ထွက်လာတဲ့အကြည့်တွေက
မိုးညတွေကိုဖြတ်သန်းဖို့ လုံလောက်ခဲ့တယ်
သောက်တလွဲတွေဘဲလွဲနေတဲ့ ကိုယ့်ဘဝက
မင်းနဲ့လည်းလွဲသွားခဲ့တာပါဘဲ
မနီးစပ်ခြင်းရဲ့အသုံးတော်ခံဟာ
ကိုယ်တို့ဖြစ်ရတာ ရင်နာဖို့ကောင်းတာ
ချိုမြိန်ပြင်းရှခြင်းဟာသိပ်စွဲလန်းဖို့ကောင်း
တစ်နည်းအားဖြင့် စတော်ဘယ်ရီနဲ့စီးကရက်
တွယ်တာမြတ်နိုးမှုက မင်းကိုတော့
ပိုမြတ်နိုးမိခဲ့ပါတယ်
အကြောင်းတိုက်ဆိုင်လို့
ကိုယ်တို့အတိတ်ကိုမင်းပြန်တွေ့တဲ့အခါ
အသုံးမကျခဲ့တဲ့ဒီငနဲကို အရင်တိုင်းလေး
မင်းပြန်ဆုံးမခဲ့ပါ ခင်ရယ်.....
ကျွန်တော်
😌😌😌
ReplyDeleteCigarette and strawberry
ReplyDelete💔💔💔
ReplyDelete😢
ReplyDelete😳😳😳
ReplyDeleteGood morning
ReplyDeleteMorning💐💐💐
ReplyDeleteအတိတ်
ReplyDelete