Sunday, August 7, 2022

မုသားတစ်လွှာ

မုသားတစ်လွှာ

မုသား တစ်လွှာ
မာယာ တစ်ထပ်
ဝတ်ရည် တစ်စက်နဲ့
အို….ခတ္တာရေ
ပုခက်လွှဲသောလက်ဟာ ကမ္ဘာကိုအုပ်စိုးတယ်တဲ့…
ကြားလိုက်ရဲ့လား….

မေမေကတော့
ပုခက်လွှဲသော လက်တွေနဲ့
ကျွန်တော့ကိုစိုက်ပျိုးခဲ့ရုံမက
သူမ ကိုယ်တိုင်က
ကျတော့်အတွက်ဆိုရင်
ပုခက်ဖြစ်ပြခဲ့တယ်….။

-တာရာမင်းဝေ

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...