“အမေ”
မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် ‘ချစ်သော မေမေ’ သို့
အမေ......
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ...
ကဗျာ...
ကဗျာ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။
- သျှပ်မှူးကျော်
ဦးငှက်ကွယ်လွန်ခြင်း ၁၈နှစ်ပြည့်။
No comments:
Post a Comment