ငါတို့အားလုံးဟာ ပျော်ရွှင်နေတဲ့လူအုပ်ကြီးထဲ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ အထီးကျန်နေကြရတာပဲ
မဟုတ်လား
တစ်ခါတစ်လေ တစ်ပိုင်းတစ်စကြားလိုက်ရတဲ့
သီချင်းကပဲ မင်းကိုဆွေးစေလိမ့်ဦးမယ်
ပြီးတော့ စာအုပ်ဖတ်ဖို့ အနီးနားက စာအုပ်တစ်အုပ်ကို ဆွဲယူပြီး လှန်လိုက်တဲ့ စာမျက်နှာတွေမှာလည်း
မင်းဒဏ်ရာနဲ့ကိုက်ညီတဲ့အရာတွေ ပါလိမ့်မယ်
လစ်ဟာမှုက ကြီးမားလွန်းလို့ မင်း ဆုံးရှုံးခဲ့တဲ့အရာတွေနဲ့ ပြန်ဖြည့်ရင်တောင် မပြည့်နိုင်တော့ဘူးလေ
ရုတ်တရက်ပဲ ပျော်ရွှင်မှု ဆိုတဲ့ စကားစုအပေါ် မင်း သံသယရှိလာမယ်
မင်း မာကျောထားတာတွေအားလုံးဟာ ကြောက်ရွံ့စိတ်တွေနဲ့ မင်းတည်ဆောက်ထားရတဲ့ အလွှာတွေပဲဆိုတာကိုလည်း မင်း သတိပြုမိလာဦးမယ်
မင်းခံစားချက်ကို အရှိအတိုင်းထုတ်မပြနိုင်လေ အထီးကျန်မှုဟာ မင်းကိုယ်တိုင်ထက်ပိုကြီးမားလာလေပဲ
ဒဏ်ရာဟာ ပုံစံ ၂ မျိုးနဲ့ပဲ လာတယ်
တိတ်ဆိတ်မှုရယ် … နာကျင်အော်ဟစ်မှုရယ်။
-လတ်လွန်းဝေဦး
No comments:
Post a Comment