ကိုယ်သိသလောက်
ဟစ်တလာကော ၊ ဗင်းဆင့်ဗန်ဂိုးကော
နှစ်ယောက်စလုံးဟာ အသက်သုံးဆယ်လောက်အထိ
ဟိုယောင်ယောင် ဒီယောင်ယောင်
အီးယောင်ဝါးတွေချည်းပဲ။
နောက်ထပ်တူတာက
နှစ်ယောက်စလုံး ပန်းချီကို ဝါသနာထုံတယ်။
အနုပညာအရည်အချင်းခြင်းတော့ မတူဘူးပေါ့။
နှစ်ယောက်စလုံး အသဲပတ်ပတ်စပ်စပ်
ကွဲဖူးကြတယ်။
နှစ်ယောက်စလုံးဟာ လမ်းဘေးနေ၊
လမ်းဘေးစားတွေဖြစ်ခဲ့ဖူးတယ်။
နှစ်ယောက်စလုံးဟာ လေကျယ်ကြတယ်။
နှစ်ယောက်စလုံးဟာ ပတ်ဝန်းကျင်ရဲ့ပစ်ပယ်မှုကို
ကောင်းကောင်းကြီးခံခဲ့ရတယ်။
ဒါက သုံးဆယ်မတိုင်ခင် တူတာတွေပေါ့။
ဒါပေမယ့် သုံးဆယ် ကျော် အခြေအနေမှာကျ
တော်တော်ကွာသွားပြီ။
ဗန်ဂိုးဟာ အသက်သုံးဆယ်ကျော်မှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေ သွားပြီ။
လောကကြီးကို အရှုံးပေးတယ်ပြောပြော၊
အနိုင်ယူတယ်ပြောပြော သူဟာ
လောကကြီးကထွက်ခွာသွားခဲ့ရပြီ။
သူ့ပန်ချီကားတွေကလည်း သူသေမှပဲ
နာမည်ကြီးကြတာ၊
အလဲလဲအပြိုပြိုနဲ့ သေဆုံးသွားခဲ့ရတယ်။
ဟစ်တလာကတော့
သုံးဆယ်ကျော်မှာ ကမ္ဘာကြီးကို
အုပ်စိုးဖို့စဉ်းစားနေပြီ။
ဂျူးခြောက်သန်းကို သတ်ပလိုက်တယ်။
ကောင်တယ်၊မကောင်းတယ်။
ဘေးဖယ်ထား။
ဘာပဲဖြစ်ဖြစ် သူဟာ
ကမ္ဘာကြီးကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တယ်။
ကျနော်ကတော့ ဟစ်တလာပဲ ဖြစ်ချင်တယ်။
စောက်လူ့အဖွဲ့အစည်းကြီးကို ကောင်းကောင်းကြီး
ဒုက္ခပေးချင်သေးတယ်။
-ဘုန်းပြည့်စုံမင်း
No comments:
Post a Comment