အာဇာနည်နေ့
--------------------
၇၅ ကြိမ်မြောက် အာဇာနည်နေ့
၁၉ ဇူလှိုင် မမေ့နိုင်
ကြယ်ကြွေတဲ့နေ့
သွေးစွန်းတဲ့နေ့
မျက်ရည်ဝေတဲ့နေ့
ဇူလိုင်မိုးတွေ ငိုတဲ့နေ့
၁၀နာရီ၃၅မိနစ် မှ ၃၇မိနစ်ထိ
ဇူလိုင် ၁၉ ပေါ့
အာဇာနည်ကိုးဦး အနစ်နာခံ
အသက်ကို ပေးဆပ်
လွတ်လပ်ရေးကို ပေးအပ်ခဲ့ပြီ
အဲ့ဒီနေ့မှာ
ငါတို့တိုင်းပြည်ဟာ
ခေါင်းမရှိတဲ့အိမ်
ခေါင်းမရှိတဲ့ခန္ဓာ ဖြစ်ခဲ့ပါပေါ့
၇၅ နှစ်လုံးလုံး
နွံထဲမှာ ရုန်းကန်နေဆဲ
လှေလှော်ရင်း တက်ကျိုးဆဲ
လက်နက်နဲ့ အာဏာနဲ့
တိုင်းပြည်ကို ပြန်ပေးဆွဲထားကြဆဲ
အာဏာာရူးတွေ သိမ်းပိုက်ထားကြဆဲ
ငါ့ သမိုင်းကို
ငါသေတဲ့ နေ့အထိ ငါထွင်းမှာက
ငါ လည်း ဇာနည် ဖြစ် ရ မယ်
San Zuren 🌸

RIP Our Heros.
ReplyDelete