Tuesday, July 19, 2022


19 July

ကျွန်စိတ်ကင်းတဲ့သူတွေကတော့ 
ရှေ့မှာရဲရဲတောက် လွပ်လပ်ရေးအရယူခဲ့ပြီးပြီ
ကျွန်စိတ်မကင်းနိုင်သေးတဲ့လူတွေကတော့
သာသာယာယာလျှောက်ပေတော့ပေါ့.....
ဒီမိုကရေစီဆိုတာကလည်း 
ဗန်းစကားတစ်ခုသာသာထက်မပိုတော့သလိုပဲ
ဪ.....သခင်မျိုးဟေ့ တို့ဗမာဆိုတာတွေ
ဘယ်ရောက်လို့ဘာတွေဖြစ်ကုန်ကြပြီလဲ
ဒီနိုင်ငံကြီးမှာ အာဇာနည်တွေအတွက် 
နေရာဆိုတာ  တိတ်ဆိတ်ခြောက်ကပ်နေတဲ့ 
မြေဝန်းအကျယ်ကြီးထဲက
လူတစ်ကိုယ်စာနေရာထင်ပါရယ့်
သက်ရှိထင်ရှား လူ့ငနွားတွေကတော့
သွေးအေးကောင်းတုန်း  
သူရဲကောင်းတွေရဲ့အုတ်ဂူပေါ်က
သွေးတွေကအခုထိ ပူနွေးနေဆဲ
တရားမျှတမှုကိုတွေ့ချင်ရင် 
ဒီနိုင်ငံမှာ လာမရှာပါနဲ့
ကိုယ်ချင်းစာတရားကိုတွေ့ချင်ရင် 
ဒီနိုင်ငံမှာ လာမရှာပါနဲ့
ကိုယ်အသားထိမှ ပူတတ်တဲ့
လူအုပ်စုလိုက်ကြီးကို​ တွေ့ချင်ရင်တော့
ဒီနိုင်ငံကိုသာ  လှမ်းလာလှည့်ပါိ
သွားလေသူအပေါင်းတို့လည်း
စိတ်ပျက်စရာတိုင်းပြည်ကြီးအတွက်
နောင်တကင်းမဲ့စွာပေးဆပ် ထွက်ခွာသွားနိုင်တာ
ဂုဏ်ယူနေလိုက်ပါတော့....
ကျန်ရစ်သူတွေဖြစ်တဲ့ ငါတို့ကပဲ
ဒီတာဝန်တွေ ကိုယ်စားထမ်းရွက်ပါစေ
ရဲဘော်တို့ရေ.......

                                              ThaeNu
                                           ၁၉.၇.၂၀၂၂

1 comment:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...