တစ်ယောက်အရှုံးကို
တစ်ယောက်ထေလို့
ငါတို့ပြုံးနိုင်ခဲ့တယ် ။
ဟာကွက်လေးတွေ ရှိလည်း
အချစ်ရဲ့ နေရာပဲဆိုပြီး
ယဥ်ကျေး မွေးမြူခဲ့တယ် ။
တစ်ယောက်ကို တစ်ယောက်
ဂယ်ပေါက်လေးတွေ ပေးထားလည်း
တစ်ယောက်ကို တစ်ယောက်ထိုးတဲ့ ဓားချက်မှာ
ဗိုက်ပွင့်လျက်နဲ့ ဘယ်သူမှ ထွက်မပြေးပဲ
ကိုယ့်အူတွေကို ကိုယ်အခွေလိုက် ပြန်ထည့်ပြီး
အချစ်မှာ အငှားလိုက်တဲ့ဗိုက်ကို
လက်ကလေးနဲ့ ကိုယ်ဖိဖိပြီးမှ
နှစ်ယောက်အတူသွားမဲ့ လမ်းကို
တစ်ယောက်ချင်း အေးဆေးထွက်သွားခဲ့တယ်။
-စိုင်းဝင်းမြင့် ( ကျေးဇူးတော်လမ်း ၁၂ )
Done
ReplyDeleteနေ့စဥ်ပုံမှန်ကလစ်လို့မအလတပ်အမြစ်ပြတ်အောင်အမှည့်ချွေကြမယ်ဟေ့။
ReplyDeleteAdmin please. No ads.
ReplyDeleteClick.
ReplyDelete