Friday, July 15, 2022

ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့ကြတဲ့ လူငယ်တွေ ရှိတယ် ...
ကံဆိုးတဲ့အများစုကတော့ တကယ်မသေခဲ့ကြဘူး ။

ကိုယ်တော့မသေလို့
အခုနေ့တိုင်းဝင်လာတဲ့ SMS တွေကို စာပြန်ပြီး 
ဖုန်းဘေလ်ကို ပွားအောင်လုပ်နေမိ 
သေရွာကပြန်လာတဲ့လူတွေဟာ ဧည့်ခန်းထဲမှာစီထားတဲ့ 
ဆုတံဆိပ်တွေကို လိုက်ကြည့်နေကြတယ်။ 

ခံစားချက်အဟောင်းတွေဆိုတာ ကိုယ်မသိတဲ့အချိန် ကိုယ့်အိမ်နံရံမှာ ပေါက်နေတဲ့ အုတ်ကပ်ပန်းတွေပဲ
မနက်စာပြင်ပေးရင်း ထောပတ်ပေါ်
မျက်ရည်တစ်စက် နှစ်စက်ကျတတ်တဲ့ အိမ်ရှင်မတွေရှိမယ် 
တချို့လည်း စောစောစီးစီး ခုံးထနေတဲ့ကြောင်တွေကို
ကြမ်းပြင်ပေါ်ခြေဆောင့်ပြီး မောင်းထုတ်လိုက်တယ် မိုးရေနဲ့စိုနေတဲ့လမ်းပေါ်မှာ
ငါကားမောင်းရင်း လေချွန်နေမိပြန်ပြီ 
အသည်းနှလုံးဆိုတာ မူလအတိုင်း
အမွေးအတောင်တစ်ခုမကျန် ပြန်ပြုလုပ်ထားတဲ့ 
အဆာသွပ် မျိုးတုန်းငှက်တစ်ကောင်ပဲ ။ ။

-အောင်ခင်မြင့်
-ငယ်ရွယ်မှုသို့ ကဗျာတစ်ပုဒ်မှ

5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...