သူတို့မသေပါဘူး
သတင်းထဲမှာတရားဝင်.....
သူတို့သတ်သွားတာလေးယောက်
တကယ်တမ်း သူတို့မသေဘူး
လေးဦးမကတဲ့ သူရဲကောင်းတွေ
အားလုံး ငါတို့အသွေးသားထဲမှာအမြဲရှိတယ်
သူတို့သတ်ခဲ့တာ ခန္ဓာသက်သက်ပါပဲ
တော်လှန်စိတ်ဓာတ်ကိုတော့
သူတို့မသတ်နိုင်ခဲ့ပါဘူး
အသက်သေသွားပေမယ့် စိတ်ဓာတ်မသေတဲ့အာဇာနည်တွေအတွက် ငါဂုဏ်ယူတယ်
တစ်ချို့က အသက်ရှင်နေပါလျက်နဲ့
တော်လှန်ချင်စိတ် သေဆုံးနေတဲ့
လူ့အနတ္တတွေအတွက်တော့
လီးပါပဲပေါ့........
ThaeNu
၂၅.၇.၂၀၂၂
No comments:
Post a Comment