"တတိယဆုတောင်း"
မောင်သာ…
ရွက်ဝါလေးများဖြစ်ပါလျှင်။
ခင့်ကိုယ်ပေါ်တစ်ပင်လုံး
သိမ်းကျူံးကြွေချင်။
မောင်သာလေ..
နေကလေးဖြစ်ပါလျှင်။
ခင့်အိပ်ရာပြတင်းပေါက်
မေးထောက်ကာမျှော်မဆုံး
တစ်သက်လုံးနေမဝင်။
ဒါပေမဲ့ချစ်သူခင်
မျက်နှာမြင် မုန်းချင်သတဲ့။
သည်လိုသာဆိုရင်လည်း
နောက်မချစ်ရဲအောင်
ကျောက်စရစ်ခဲလေးအသွင်သာ
မောင်ဖြစ်ပါစေချင်ကြောင်း
ဆုတောင်းမိလေရဲ့။ ။
-သစ္စာနီ
Be safe.
ReplyDeleteတော်လှန်ရေးရဲ့အခန်းကဏ္ဍမှာကလစ်ခြင်းဟာလည်းအလွန်အကျိုးရှိပါတယ်လို့။
ReplyDeleteကြော်ငြာမပေါ်ဘူး ဘယ်လိုလုပ်ရပ့
ReplyDeleteads limit ဖြစ်သွားလို့ပါ ကျနော်လည်း အဲ့လိုဖြစ်နေတာ
Deleteဒီနေ့လည်း မပေါ်ဘူးနော
ReplyDeleteပုံမှန်ကလစ်ပေးပါဗျ
ReplyDeleteတစ်ခါဝင် 10မီနစ်
3ကြိမ် 5ကြိမ် လောက်ဝင်ပေးပါ
ကဗျာလေးက ရိုချက် 😇😇
ReplyDelete🙏💪🤝🤝💪
ReplyDelete