ငါကျောင်းကိုသွားကြည့်သေးတယ်
ထွက်လာသမျှလူတွေဟာ
အဖြူအစိမ်းဝတ်ထားတယ်
ဘာအကြောင်းကြောင့်
မင်းကပြောက်ကြား၊ငါကပုဆိုးစုတ်ကို
ဝတ်ဆင်နေရတာလဲ?
လွယ်လာတဲ့အိတ်တွေကလည်း
စနစ်ဆိုး ဆိုတဲ့စာအုပ်တွေကြောင့်
ဖောင်းလို့ကားလို့
ဘာအကြောင်းကြောင့်
မင်းဟာသေနတ်လွယ်၊ငါကအလုပ်ကြမ်း
လုပ်နေရတာလဲ?
စာအံသံတွေကလည်း
မင်းကြိုက်တဲ့ကိုတွတ်သီချင်းလိုမဟုတ်တော့
ငါဂစ်တာမတီးချင်သလို
မင်းလည်းသီချင်းမဆိုချင်ဘူးမလား
သူငယ်ချင်း
အရင်လိုဆို
ငါ့ ငွေ့နဂါး တစ်ဝက်ဟာ
မင်းအပိုင်ပဲလေ
ဘာအကြောင်းကြောင့်
ငါ့ရောဂါတစ်ဝက်ကို
မင်းမယူတော့တာလဲ
သူငယ်ချင်း
ငါကျောင်းကိုသွားကြည့်ဖြစ်တဲ့
နောက်ဆုံးနေ့တုန်းကဆို
ငါတို့မုန်းတဲ့အစိမ်းရောင်ကားအကြီးကြီး
ရပ်ထားတာငါတွေ့ခဲ့တယ်
သူငယ်ချင်း
ငါလွမ်းလို့သွားကြည့်တာလေကွာ
ယုံကြည်ချက်ချင်းမတူတဲ့လူတွေက
ငါ့ကိုဂျိုကစ်နေလေရဲ့ကွာ
ငါ ဒေါသ ထွက်လိုက်တာ
သူငယ်ချင်း ရာ
ကမ္ဘာ ဟာသူ့နည်းနဲ့သူလှည့်ပတ်နေတာပဲ
လူတွေကပဲမှားနေကြတာကွ
ငါတို့သေဆုံးခဲ့ကြရင်တောင်
လူငယ်တစ်စုသက်သေရှိတယ်
ငါတို့စနစ်ဆိုးထဲပျောက်ကွယ်ပါစေအုန်း
ငါတို့ဒူးမထောက်ခဲ့ဘူး သူငယ်ချင်း
-ရီဝေ
Click
ReplyDeleteHello he he
ReplyDeleteလူငယ်တွေဟာ ဘယ်ခေတ်မှာမှ ဒူးမထောက်ခဲ့ကြဘူး
ReplyDelete✅🫡
ReplyDelete🏫
ReplyDelete😊
ReplyDelete❤️💪
ReplyDeleteBe safe.
ReplyDeletethank you
ReplyDelete