Thursday, July 14, 2022

ဘောင်းဘီဝတ် မိုးတိမ်



ဟယ်လို ...
ဘယ်သူ စကားပြောနေပါသလဲ ။

မေမေလား
မေမေ ...
မေမေ့သားတော့ လှလှပပ ဖျားပေါ့။
မေမေ...

သူ့နှလုံးသား မီးလောင်နေပြီ။
ညီမလေး ယျူ ဒါနဲ့ အော်လျာကို ပြောလိုက်ပါ
သူ လွတ်လမ်း မမြင်တော့ဘူးလို့။

စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့
ပါးစပ်က သူ အန်ထုတ်လိုက်သမို့။
ထိုးထွက်လာလိုက်တာ
ဝတ်လစ်စားလစ် ဖာသည်မ
မီးလောင်နေတဲ့ ဖာအိမ်ထဲက
ပြေးထွက်လာသလိုပ။

လူတွေ အနံ့ခံနေကြတယ်။
ညှော်စော်နံသဟ ၊
ဘယ်သူတွေမှန်း မသိ ရောက်လို့လာ၊
ပြောင်ပြောင်လက်လက်ပဲ။

ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မီးသတ်သမားတွေကို ပြောလိုက်ပ မီးလောင်နေတဲ့ နှလုံးသားပေါ်
အနမ်းနဲ့ တက်ရတယ်လို့။

#မောင်သာနိုး
-ဘောင်းဘီဝတ်မိုးတိမ်


No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...