Monday, July 4, 2022

နာ့ဗ်ကြောများလှုပ်ခတ်ခြင်း။

ဒီပရက်ရှင်ဝင်နေတဲ့ ဒုတိယမြောက်အင်္ဂုလိမာလဟာ
သူ့စော်လက်ခလယ်ကို ဖြတ်ပြီး လည်မှာဆွဲထား

နယ်စပ်ကိုဖြတ်ကျော်နိုင်ခဲ့ပေမယ့်
ငါဟာ ငါလိုင်းတွေကို ပြန်မတွေ့သေးဘူး

ငမိုးရိပ်ချောင်းဘေးက နဝကမ္မများ
သာဝကသုံးပါးရဲ့ အယ်လ်ကာဟောလစ်ခ်များ

နယ်မြေလုံခြုံရေးအရပဲ
ဝဲနေတဲ့အသံတွေ အင်္ကျီဆွဲချွတ်ခံခဲ့ရ

ကလေးမတို့ရဲ့ဥာဏ်ရင်သားတွေမှာ 
သာသနာပြု တွေရဲ့ လက်ဗွေကိုယ်စီနဲ့

ငါ ငိုနေတာပါ လူစီ  ငါ ငိုနေတာပါ လို့ပြောပြောပြီး ဆေးခြောက်အပင်အောက် အာနာပါနရှုနေရ

ပန်းချီကားကို ပင့်ကူက ပိုင်တာ
စန္ဒယားကို အရှင်လတ်လတ်မမြင်ဖူးသောသူ မသိနိုင်

နယ်လှည့်အထက်လမ်းဆရာ ဝါးထွေးတဲ့ကွမ်းကြောင့်
ယောနိထဲက ပယောဂဟာ ဆွဲဆွဲငင်ငင်အူလာ

ငါမလှူ ပဲ ပုဏ္ဏားနောက်လိုက်သွားတဲ့ မိန်းမအတွက်
ကိုယ်တော်တရားဟောမပြီးခင် ရေစက်ချမိ

ကဗျာပင်လယ်ကူးသင်္ဘောကြီး ဆိုက်ကပ်လာပါပြီ
ငါ့ချစ်သူများ ငါ့ရန်သူများ။

-လင်းမာအို

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...