Monday, July 4, 2022



သူစိမ်း - ၃

မနက်မိုးလင်းတာနဲ့
ကိုယ့်အသက်ကိုယ် ပြန်စမ်းနေရ။

လက်ဖက်ရည်တစ်ခွက် ရဖို့
ကိုယ့်ကြမ်းတမ်းမှုကို ပြရ
စားပွဲထိုးက ခေါ်မကြား အော်မကြား
"ဟေ့ကောင်
ဒီမှာမီးသေနေပြီ"

ဘ၀သေတစ်ခု မျက်နှာသေတစ်ခု
လင်စိတ် သားစိတ် ကုန်ခမ်းနေလေရဲ့
ငါ့ တုန်လှုပ်ချောက်ချားမှုကို
ဖောက်ခွဲပစ်လိုက်တယ်။

လမ်းဘေးစာတိုက်ပုံးနဲ့ 
လမ်းဘေးခွေးခြေတစ်လုံး
ငေါင်းစင်းစင်း မျက်နှာချင်းဆိုင်
အခုထိ စာတစ်စောင်မှ မထည့်နိုင်သေး။

ပြန်ဆိုတေး မဖြစ်တဲ့ နေ့တစ်နေ့ဟာ
သီချင်းအသစ်လည်း မဖြစ်
ချစ်မေတ္တာမဲ့ တစ်နံတစ်လျားမှာ
အသံဆိုတာလည်း မရှိတော့ပြီ။

-စိုင်း၀င်းမြင့်

#Collage by Poetry Cafe

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...