လမ်းမှာ မိုးရွာ
အိမ်မှာ မီးပျက်
ငါးဗိုက်ကိုခွဲလိုက်တော့ လက်တစ်ဖက်တွေ့တယ်
မီးပျက်တာနဲ့မီးစက်နဲ့ဝေးရာ ထွက်ပြေး
အမှိုက်ပုံမှာ ဘယ်သူမှ မသေချင်
ငါလည်း အမှိုက်ပုံနား အသက်မမွေးချင်ဘူး
အခုတလော လမ်းပေါ်ငှက်ကလေးတွေတွေ့ရ
လူယဥ်လာတယ်လို့ ကိုယ်ကထင်တာ
ဘယ်လမ်းမှ မပွင့်ပဲ
နွေထဲ အရေးပေါ်လူနာတင်ကား မိုးထဲဥသြဆွဲနေသလို
လူတွေလည်း ကိုယ့်ဘဝနဲ့ကိုယ် ပြိုကျ
ဘယ်သူမှလည်း ငှက်ကလေးရယ်လို့ သတိမပြုမိပါဘူး
မီးစက်ပေါ် ခုန်ဆွခုန်ဆွ
လူတွေခြေထောက်ကြား အစာရှာသွားရတယ်လို့
တိတ်ဆိတ်ဂီတမှာ မပျော်ဝင်
ညှော်နံ့နဲ့ ဆူညံသံကို မှာယူစားသောက်နေသော
တစ်ယောက်ကိုတစ်ယောက်ကြားမှာ
ဘာအစာမှ မရှိဘူး ငှက်ကလေး ။ ။
#စိုင်းဝင်းမြင့်
၁၉ ၅ ၂၀၂၂
Good Poem
ReplyDelete