" ငယ်ရွယ်မှုသို့ကဗျာတပုဒ် "
အဲ့ဒီတုန်းက ငါ့ဟာဝေယံအင်္ကျီအိတ်ကပ်ထဲကနေ
အလင်းရောင်တွေ ဖြာထွက်နေတာ
မှတ်မိလား နေပူရာက ဗြုန်းဆို မိုးတွေသည်းကြီးမဲကြီးရွာချတာလေ
နယူးယောက် ၁၃၂လမ်းပေါ်မှာ ဒီလန် ရပ်နေတဲ့ပုံစံမျိုး ဂျင်းဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်လံုးထည့်ပြီး ငါရပ်နေခဲ့တယ်
ပြီးတော့ ကားထဲမှာ ကိုယ်တို့နမ်းနေတုန်း မီးပွိုင့်စိမ်းသွားလို့
နောက်ကားတွေ အဆက်မပြတ်ဟွန်းတီးကြတာ
ဘယ်ခေတ်မှာမဆို
အချစ်ကြောင့် သေမလိုဖြစ်ခဲ့ကြတဲ့ လူငယ်တွေရှိတယ်
ကံဆိုးတဲ့အများစုကတော့ တကယ်မသေခဲ့ကြဘူး
ကိုယ်တော့ မသေလို့
အခု နေ့တိုင်းဝင်လာတဲ့ SMS တွေကို စာပြန်ပြီး
ဖုန်းဘေလ် ကို ပွားအောင်လုပ်နေမိ
သေရွာက ပြန်လာတဲ့သူတေွဟာ ဧည့်ခန်းထဲမှာစီထားတဲ့ ဆုတံဆိပ်တွေကို လိုက်ကြည့်နေကြတယ်
ခံစားချက်အဟောင်းတွေိဆိုတာ
ကိုယ်မသိတဲ့အချိန် ကိုယ့်အိမ်နံရံမှာပေါက်နေတဲ့ အုတ်ကပ်ပန်းတွေပဲ
မနက်စာပြင်ပေးရင်း ထောပတ်ပေါ်
မျက်ရည်တစက် နှစ်စက် ကျတတ်တဲ့ အိမ်ရှင်မတွေရှိမယ်
တချို့လည်း စောစောစီးစီး ခုံးထနေတဲ့ ကြောင်တွေကို
ကြမ်းပြင်ပေါ် ခြေဆောင့်ပြီး မောင်းထုတ်လိုက်တယ်
မိုးရေနဲ့ စိုနေတဲ့ လမ်းပေါ် မှာ
ငါကားမောင်းရင်း လေချွန်နေမိပြန်ပြီ
အသည်းနှလုံးဆိုတာ မူလအတိုင်း
အမွှေးအတောင်တခုမကျန် ပြန်ပြုလုပ်ထားတဲ့
အစာသွပ် မျိုးတုန်းငှက်တကောင်ပဲ ။ ။
No comments:
Post a Comment