Thursday, July 7, 2022

 ယုံကြည်မှု ခရီးရှည်


အဆင်မပြေချင်ရင် တချက်ပဲ

အဆင်ပြေချင်တော့လည်း တချက်တည်း

ရေမဆေးသမားတွေရဲ့ စကား....

တခါက ကိုယ်နဲ့မဆိုင်ခဲ့တဲ့

ဘဝထဲ

ဥပမာ...

ကိုယ်တို ဘဝထဲ


ရယ်တော့ ရယ်ရသား

ငိုလည်း ငိုရပါတယ်။


တကယ်ပဲ...

အဆင်မပြေချင်ရင် တချက်ပဲ

အဆင်ပြေချင်တော့လည်း တချက်တည်း

အခု...

ဘဝပေးက သင်ကြားသွားပါပေါ့။


ကိုယ်တွေမှာ

ရယ်လည်း မရယ်နိုင်

ငိုလည်း မငိုနိုင်။


ကိုယ်ယုံကြည်ရာ ကိုယ်ရွေးတဲ့အခါ

အကြိမ်ကြိမ်...

ထပ်ထပ်ပြီး...

နောက်...

အကြိမ်ကြိမ် ထပ်ထပ်ပြီး

တလမ်းတည်း ဆက်လျှောက်ရပါတယ်။


မနက်ဖြန်တွေအတွက်တော့

ဟုတ်ကဲ့...

လွယ်ပါတယ် ပေါ့လေ

လွယ်ပါတယ်ပေါ့

ကိုယ့်တရား ကိုယ်နာပြီး

ကိုယ့်ခရီးကို ကိုယ်ဆက်ပါတယ်။


ယုံကြည်မှုနဲ့ သံသယဟာ

ကြာကြာပခုံးဖက်ပြီး လမ်းမလျှောက်နိုင်

ကျောချင်းကပ်ပြီး မိစ္ဆာရန်ကို ရင်ဆိုင်တဲ့အခါ

နောက်ကျောမှာ ဓားတန်းလန်း စိုက်နစ်သူဟာ

တယောက်တည်းပါ တဲ့

သံသယဟာ ခြေထိုးတတ်သူမျှသာ

သံသယဟာ နောက်ကျော ဓားထိုးသူမျှသာ။


ကိုယ်ယုံကြည်တဲ့ နိဗ္ဗာန် ခရီးမှာ

ဖြည့်ရသမျှ ပါရမီဆိုတာကလည်း

ဓမ္မက အဓမ္မကို အကြိမ်ကြိမ်ရှုးရတယ် မဟုတ်လား။


အပိုင်းတွဲလေး ဆက်ခါမှ

ရဲလာမှ ပြီးရတာမျိုး

ရွှေဘက အနိုင်ရတာမျိုး

ဗုဒ္ဓရဲ့ အောင်နိုင်ခြင်းမျိုး


တန်ရဲ့လားဆိုတဲ့ မေးခွန်းကိုလည်း

ယုံကြည်မှုက ခေါင်းခါပြီး အငြင်းကသန်သေးတယ်။


ဟုတ်ကဲ့...

ကိုယ့်တရား ကိုယ်နာပြီး

ကိုယ့်ခရီး ကိုယ်ဆုံးအောင် ဆက်ပါတယ်။


ယုံကြည်မှုဆိုတာမျိုးက

ဒဏ်ရာတွေနဲ့သာ 

မှတ်ကျောက်တင် တောက်ပ ရရိုးမဟုတ်လား။ 


ရင်သွေး

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...