Thursday, July 7, 2022

 




သံမဏိနှင်းဆီ


...တစ်ပွင့်ထဲပါ

တစ်ပွင့်ထဲ ဒါပေမဲ့

ရဲရဲနီနေတယ်


...မသဲမကွဲမြင်နေရတဲ့

အချိန်မှာတောင်

အဝေးကရှုမျှော်

ထိုပန်းလန်းဆန်းနေတာ

အထင်းသားမြင်နေရတယ်


...ပွင့်ချပ်တွေက အလွှာထပ်လို

ခန့်ညားထည်ဝါလိုက်တာ

အကွယ်အကာမရှိဘူး


...မေတ္တာတွေ

ကရုဏာတွေ

စာနာ နားလည်မှုတွေ

သန့်ရှင်းစင်ကြယ်တဲ့

မုဒိတာက ခိုင်းနှိင်းမှုကင်းမဲ့



...တစ်ပွင့်ထဲပါ

တစ်ကယ့်ကိုတစ်ပွင့်ထဲ

ပမာခိုင်း နှိင်းစရာမရှိဘူး

အလှသမိုင်းတွေနဲ့

ဘဝမရိုင်းတဲ့ ရဲရဲတောက်နှင်းဆီ


...သံမဏိတွေနဲ့ဖွဲသီပေမဲ့

ဝတ်ဆံညှာတွေက တစ်ကမ္ဘာလုံးကို

ရနံ့သင်းစေတယ်



...ပွင့်ချပ်အလွှာတွေက ခိုင်ခန့်တည်မြဲ

အလှတရားက မြင်သူ

ငေးမောပေါ့


...အဲဒါ

မနွမ်းသော

မ ကြွေသော

အမြဲလန်းနေသော


...ငါတိုရဲ့

တစ်ပွင့်ထဲသော နှင်းဆီ

သံမဏိနှင်းဆီ ပေါ့



ယမုံ   (AAS)

5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...