တစ်ဘက်ကကျည်ဆံနဲ့ 
ငါတို့မှာလက်သုံးချောင်း 
ဘယ်အတိတ်သူရဲကောင်းတွေများ  
ဒီလို ပွဲတောင်းရဲခဲ့ဖူးလို့လဲ ။ 
ယုံကြည်ရာကို အသက်နဲ့လဲတဲ့အခါ 
အမှန်တရားမှာ ကျည်ရာပရပွ 
ဝဋ်ကြွေးများရှိခဲ့ကြရင် 
ဒီဘဝဒီမျှနဲ့ ေကျစေချင်မိရဲ့ 
ဒီခေတ်ပျက်ကြီးထဲ 
အလံမလဲကြေးလို့ သစ္စာဆို 
ကံကောင်းရင် ကောင်းကင်ကိုကြွေမတဲ့ 
ကံဆိုးတဲ့သူ ဆက်ရုန်းကန် 
ဒီလို 
ကြွေးကြော်သံ ထပ်ခဲ့ကြတယ် ။ 
စီးချင်းထိုးတဲ့ မှတ်တမ်းတွေ 
ဓားချင်းလှံချင်း ချေကြပေမဲ့ 
ကျုပ်တို့ရဲ့ ပစ္စုပ္ပန်မှာ 
ကျည်ဆံနဲ့ လက်သုံးချောင်း 
ပွဲတောင်းရဲတဲ့လူငယ်တွေ 
ခင်ဗျားတို့ထက် တကယ်အသည်းကောင်းကြတယ် 
ဘယ်သူ့ကို သူရဲကောင်းခေါ်ထိုက်ပါသလဲ ။ 
BETA

 
 
 
 
Fighting to our Heroes!
ReplyDeleteWe will support by clicking.