Thursday, June 2, 2022



ရှစ်‌ပြည်ထောင် ညီနောင်
-----------------------------------


ရှစ်ပြည်ထောင် ညီနောင်ပြုခဲ့လျှင်ဖြင့်
အမုန်းနှင့် အာဃာတ ခဝါသာ ချ ...

အို...
မြန်ပြည်တလွှား ညီနောင်များတို့ 

ဟိုမှာ တွေ့လား ရန်သူ
ငါတို့ကို ဝါးမျိုနေသူ
သမိုင်းချေးအထပ်ထပ်နဲ့
မိစ္ဆာစစ်ဘီလူး အစွယ်တွေကို  ပြူးလို့ ...

လာကြပါလေ့ ...
ရောင်းရင်း ညီတော် နောင်တော်အပေါင်းတို့
တစ်ပြည်တည်းဖွား တစ်မြေတည်းသားမို့
စကားလည်းမတူ  ဌာနေမတူလည်း
အနာဂတ်နိုင်ငံ ကမ္ဘာတည်ဖို့
တွေးတွေးဆဆ ညှိကြမယ်
ဖေးဖေးမမ ရှိကြမယ် ...

သွေးလည်း မကွဲနဲ့  ဘေးလည်းမလွဲနဲ့
အတိတ်သမိုင်း မှာ  သိပ်ရိုင်းခဲ့တဲ့ 
မိစ္ဆာတွေမှိုင်း ဝါဒလှိုင်းမှာ
နားကြားမယောင်  မမှောင်စိတ်ထား
အမြင်တွေမခြား သွေးကွဲမနေပဲ
တို့တစ်တွေ လက်ချင်းချိတ်လို့
စုကြ....ညီကြ ...ချည်နှောင်ကြ ...

အို...
ညီနောင်သားရင်း ဆွေသားချင်းတို့
ညီနောင်သားချင်း သွေးသားရင်းတို့

တို့တွေအချင်းချင်း လက်တွဲရင်းနဲ့  
ချစ်ခြင်းခင်ခြင်း  ယုံကြည်ခြင်းတွေ 
ဆပွားထက်သစ်  အခိုင်အမြဲဖြစ်ရင် 
မြေပြန့်တောင်တန်း  ပတ်ကုံးဝန်းကျင်
မြစ်ခွင်တကြော  လွန်သာမောပြီ...

ဘိုးဘွားအမွေ  ချစ်တဲ့မြေမှာ
"စစ်အာဏာရှင် မရှိစေရ"



EXOSAN

17 comments:

  1. Now how do you do daily life research?
    How many clicks did I click today? What channel is left?
    Are our comrades tired today, comfortable, and well? Where, how to help, how much to donate, what have you done?
    This is what daily life research is all about

    This is the function of our present life, our success.

    We never lose because we do not give up.We are winner.

    ...........Htet❤..........

    ReplyDelete
  2. မန့်မယ် ပြီးရင်ကလစ်အုံး

    ReplyDelete
  3. We are Never Given Up. 💪💪💪🤝🤝🇲🇲🇲🇲🇲🇲👍👍👍🙏🙏🙏🙏

    ReplyDelete
  4. ပန်းတိုင်ရောက်ခါနီးပါပြီ...
    ကြိုးစားမှု မလျော့ရ.....

    ReplyDelete
  5. အားမလျော့နှင့်ရှေ့ဆက်ကြမယ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...