ဖြစ်ရပ်မှန် ဘဝရုပ်ရှင်
------------------------------
ရင်ထဲရင်းပြီး ရိုက်ရတဲ့
အဖြစ်မှန်တွေရဲ့ ဘဝရုပ်ရှင်
ဘယ်သူက ဇာတ်လိုက်
ဘယ်သူက လူမိုက်
သိသိကြီးနဲ့ကို
ဇာတ်လမ်းကြီးရဲ့အစမှာတင်
ငါတို့တွေ ခံပြင်းနာကျည်း
နေရတာများ..
လမ်းမပေါ်က ဝိညာဉ်တွေတောင်
အိမ်ပြန်လမ်း တွေ ပျောက်ရတယ်
သရုပ်ဆောင်တွေ လည်းများလွန်းတယ်
ဇာတ်ဆောင်တွေ ငိုတဲ့အခန်းမှာ
မျက်ရည်တွေ
သွေးတွေ ပွက်ပွက်ညံခဲ့...
ဇာတ်ဝင်တေးသွားတဲ့လား
မရဏမင်း တီးခပ်တဲ့
သေနပ်သံ ဗုံးသံ တွေနဲ့
ဓမ္မနဲ့ အဓမ္မက
ရင်ဆိုင်စီးချင်းတွေ ထိုးနေလေရဲ့...
ဇာတ်နာလိုက်ရတာဗျာ
မီးခိုးတွေ အူ
ပြာတလူလူ နဲ့
ကျုပ်တို့ ရွာလေး
ဘယ်အခန်းကများ ပါနေပါ့မလဲ
/ငရာ/
No comments:
Post a Comment