Friday, June 24, 2022



နေရာ

သူခြေတစ်လှမ်းဆို ငါလည်းခြေတစ်လှမ်း
သူ့ထက်ငါအပြိုင်အဆိုင်  
လုကြယက်ကြနဲ့
ကမ္ဘာကြီးမီးလောင်  သားကောင်ချနင်း
ဘယ်သူသေသေ  ငတေမာရင်ပြီးရော
လူတစ်စုက  ပြိုင်ကြဆိုင်ကြလေတော့
သုဿန်နယ်တောင်  ချဲ့ရမယ့်အဖြစ်
ငါတို့တော့ရင်လေးပါဘိ
​တကယ်တမ်းလူ့ဘဝကြီးထဲက 
ထွက်ခွာသွားရတဲ့အခါ
ခြောက်ပေသုံးပေ  ကတုတ်ကျင်းတစ်နေရာသာ
နေရာတစ်ခုအတွက်နဲ့
ဖခင်အရင်းကိုတောင် ပြန်သတ်တဲ့သား
လက်ညိုးညွှန်ရာ  သွေးအိုင်ဖြစ်ဖို့
ပါးစပ်ပြောလေးသာရယ်
ရင်းလိုက်ရတဲ့ အသက်ပေါင်းများစွာဆိုတာ
အုံလိုက်ကျင်းလိုက်
ဒါတွေကို သူတို့ဂရုမစိုက်
နေရာတစ်ခုအတွက်  
သတ်ဖြတ်ရေးရာ မူဝါဒကိုသာ
လက်ကိုင်စွဲကြတယ်
ငါတို့လက်ထက် အမြစ်ဖြတ်လို့
ပေးအပ်တာဝန်  ကျေပွန်စွာထမ်းရွက်ကြမဟဲ့....
ဒီတော်လှန်ရေး ဆုံးခန်းတိုင်မှ
ငါတို့စိတ်ဝိညာဉ် လွတ်ငြိမ်းနိုင်မယ်လေ.....

                                             ThaeNu
                                         (၂၃.၆.၂၀၂၂)

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...