Sunday, June 12, 2022

သြော် 
အာဏာရှင်ဟာ အရင်က
ဘယ်လိုတွေရိုက်သွင်းခဲ့လဲမသိ
လူအများစု(ရှေးလူကြီး)တွေက
ဆရာသမားကိုးကွယ်မှားလေရဲ့
ဘာတဲ့
သိကြားသာသနာတဲ့
အံသြတယ်ဗျ
ကျွန်တော် ရင်ထဲကကြိတ်ရယ်မိတယ် 
လူတစ်ချို့ကျတော့
တော်လှန်ရေးဆိုတာ
ကိုယ့်သားမိတ်ဆွေ
ထိခိုက်မှစိတ်နာမှ
လုပ်တာတဲ့ 
သြော်
နှလုံးသားမှပါခဲ့ရဲ့လားမသိ
နှုတ်မှ ဆိတ်ဆိတ်လေးတော့ပြောခဲ့ပါတယ်
ကိုယ့်ထိခိုက် ကိုယ်နာမှ လိပ်ပြာလုံကြပါစေလို့
လူတစ်ချို့ကျတော့ 
ဗုဒ္ဓတရားတော်ကိုနာယူပြီး အစွန်းရောက်
နေလေရဲ့ 
သြော် 
လူတွေလူတွေ ကိုယ့်နေရာ
ကွက်ပြီးအေးတာကို
နွေဟာမပူပါဘူးလို့ထင်နေတာကိုး

Zeus

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...