Monday, June 6, 2022



ကိုယ်ချင်းစာ ချစ်ခြင်းတရားနဲ့ လွတ်လပ်မှု
-----------------------------------------------------------


တခါတခါ အတိတ်မှာ
ဘယ်လိုနေခဲ့လဲ ဆိုပြီး
သတိရနေတတ်ပေမယ့်

ဒီကာလမှာ သင်ယူခဲ့ရတဲ့ 
ကိုယ်ချင်းစာ ချစ်ခြင်းတရားနဲ့ 
လွတ်လပ်မှု ဘဝမှာ ဘယ်အရာတွေက 
အရေးပါပြီး ဘယ်အရာတွေက 
မရှိလည်း ဖြစ်တယ်ဆိုတာ 
ကောင်းကောင်း သိခဲ့ရတယ်

ဒီအတွေ့အကြုံတွေကနေပဲ
ဘဝရဲ့ အနှစ်သာရတွေနဲ့
လူတွေရဲ့ စံတန်ဖိုးတွေအပြင်
လွတ်လပ်မှုရဲ့ တန်ဖိုးတွေ
ချစ်ခြင်းတရားရဲ့အရေးပါပုံ
ကိုယ်ချင်းစာတရားက
ဘာသာရေးထက် အရေးကြီးပုံ
နက်နက်ရှိုင်းရှိုင်း မြင်ခဲ့တယ်

ချမ်းသာဖို့ထက် အရေးကြီးတာ
လူသားဆန်ဖို့ဆိုတာ သိခဲ့ရပြီး
ပိုကောင်းတာတွေ ဖြစ်လာဖို့
ဆိုးရွားတဲ့အရာကို ရင်ဆိုင်
ဖြတ်သန်းရတာလဲ ဘဝပါပဲ

ဒီအရာတွေကပဲ တချိန်ကျရင်
ကိုယ်ဖြတ်သန်းမယ့် လက်ကျန်ဘဝကို
အများကြီး ရင့်ကျက်စေမှာ
အတိအကျ ခံစားနေရတယ်



San Zuren 🌸

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...