Monday, June 6, 2022



နိုင်ငံပျောက်သူတွေ အိမ်ပြန်ဖို့ရာ
---------------------------------------------


တော်လှန်ရေးကို ထောက်ပံ့ဖို့
လမ်းကြောင်းခက်ခဲလာတဲ့ချိန်
အိမ်မှာနေရင်းနဲ့ တော်လှန်လို့ရတယ်

နိုင်ငံပျောက်နေတဲ့ နိုင်ငံသားတွေ
နိုင်ငံပြန်ရဖို့ အိမ်ပြန်နိုင်ဖို့အတွက်
ရတဲ့နေရာကနေ တော်လှန်ပေးနေကြဖို့ပဲ

လက်နက်ကိုင်ထားသူတွေက
ဆက်ပြီး တော်လှန်နေသလို
ငွေကြေးပံပိုးနိုင်တဲ့သူ ဆက်ပံ့ပိုးပါ
အိမ်မှာနေရင်း တော်လှန်လိုရင်
အိမ်မှာနေရင်း ကလစ်ပေးကြပါ 

" အရှုံးမပေးနဲ့ 
အရှုံးမပေးမချင်း ငါတို့နိုင်တယ် "

တော်လှန်ရေး နိုင်ချင်ရင်တော့
ကိုယ်တိုင် ဝင်တိုက်မလား
ကလစ်ရင်း တိုက်ကြမလား
ငွေကြေးထောက်ပံ့ရင်း တိုက်မလား

အောင်စိတ်ကို နှလုံးသွင်းထားမယ်

နိုင်လိုစိတ်ကို လက်ကိုင်ထားပြီး
နိုင်ဖို့အတွက် ရတဲ့နေရာတွေကနေ
ကိုယ်တိုင်ထုဆစ်မှပဲ အောင်ပွဲရမယ်
နိုင်ငံပျောက်သူတွေ အိမ်ပြန်နိုင်မယ်


San Zuren🌸

4 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...