ပြည်သူ့အာဏာကို
အတင်းအဓမ္မ လုယူထားစဥ်
လူတစ်စု ပျောက်ကြားသပိတ်လုပ်ပြီး
ပြည်သူတွေ သွေးမအေးစေဖို့
အာဏာရှင်စနစ်ဆိုတာ
အမှတ်ရနေစေဖို့
နှိုးဆော်စဥ်
စားသောက်ဆိုင် ဆီက
ရူဘီဆေးလိပ် ခဲပြီး
မြန်မာဘီယာ ထောင်ထားတဲ့
လူတစ်စု ဆီက
အသံတစ်သံထွက်လာတယ်
"စစ်အာဏာရှင် စနစ် ကျဆုံးရမည်"တဲ့
ရေမှာ တယ်ပေါ်တဲ့ ဆီတွေပါလား
Zeus
ရေပေါ်ဆီများရန်ကုန်မှာလည်းအများကြီးတွေ့ဖူးတယ်။
ReplyDeleteရေပေါ်ဆီ
ReplyDelete👍
ReplyDelete