❤️ အဖေဆိုသည်မှာ ❤️
💐 နဖူးကချွေး ၊ ခြေမ ကျအောင်
မငြီးမညူ မိသားစုဝန်
သူလေထမ်းကာ ရှာေဖွ ကျွေးမွေး ပြုစုတယ်
💐လူ့အသိုင်းဝိုင်း၊ပတ်ဝန်းကျင်ဝယ်
ဇနီး၊သားသမီး မျက်နှာပန်းလှဖို့
လိုအင်ဟူသမျှ တတ်စွမ်းသရွေ့
သူလေဖြည့်ဆည်းပေးခဲ့တယ်
💐 သားသမီးတို့ ယဉ်ကျေးလိမ္မာဖို့
ငယ်စဉ်မှစ ဦးဆောင်လမ်းပြ
အမုန်းခံကာသူလေသွန်သင်
ဆုံးမတယ်
💐 လူမှု၊စီးပွား၊ဘာသာတရားနဲ့မိသားစုအရေး
ကိစ္စအသွယ်သွယ် ရှေ့တန်းကနေ
မားမားမတ်မတ် ရပ်တည်လို့ရယ်ရင်ဆိုင်ကာလေ သူလေဖြေရှင်းပေးခဲ့တယ်
❤️ဪ ......' သူ ' ဆိုတဲ့ကျေးဇူးရှင်ဖေဖေရယ် ❤️
19.6.22 Sunday တွင်ကျရောက်မည့်( Father's Day ) ကိုဤကဗျာလေးအားဖြင့်ဂုဏ်ပြုပါတယ်
ကမ္ဘာပေါ်ရှိ အဖေများအားလုံးချမ်းမြေ့ပါစေ။ကျန်းမာ၊ပျော်ရွှင်ကြပါစေ
နွေဦးချစ်
No comments:
Post a Comment