သူ ရဲ ကောင်း *
ငါတို့ပစ္စုပ္ပန်မှာ
တစ်ဘက်ကကျည်ဆံနဲ့
ငါတို့မှာလက်သုံးချောင်း
ဘယ်အတိတ်သူရဲကောင်းတွေများ
ဒီလို ပွဲတောင်းရဲခဲ့ဖူးလို့လဲ ။
ယုံကြည်ရာကို အသက်နဲ့လဲတဲ့အခါ
အမှန်တရားမှာ ကျည်ရာပရပွ
ဝဋ်ကြွေးများရှိခဲ့ကြရင်
ဒီဘဝဒီမျှနဲ့ ကြေစေချင်မိရဲ့
ဒီခေတ်ပျက်ကြီးထဲ
အလံမလဲကြေးလို့ သစ္စာဆို
ကံကောင်းရင် ကောင်းကင်ကိုကြွေမတဲ့
ကံဆိုးတဲ့သူ ဆက်ရုန်းကန်
ဒီလို
ကြွေးကြော်သံ ထပ်ခဲ့ကြတယ် ။
စီးချင်းထိုးတဲ့ မှတ်တမ်းတွေ
ဓားချင်းလှံချင်း ချေကြပေမဲ့
ကျုပ်တို့ရဲ့ ပစ္စုပ္ပန်မှာ
ကျည်ဆံနဲ့ လက်သုံးချောင်း
ပွဲတောင်းရဲတဲ့လူငယ်တွေ
ခင်ဗျားတို့ထက် တကယ်အသည်းကောင်းကြတယ်
ဘယ်သူ့ကို သူရဲကောင်းခေါ်ထိုက်ပါသလဲ ။
BETA
No comments:
Post a Comment