Thursday, May 5, 2022



မာရီယာ ဖတ်ဖို့ - ( ၃ )

မလွတ်မြောက်ခြင်းတွေဆီကနေ
လွတ်မြောက်ဖို့ထက် လူတွေဟာ
အတု အယောင်ကိုတွေ များ 
ပို ခုံမင်တတ်ကြ သလား
ဒါမှမဟုတ် ဒါဟာ လူ့သဘာဝ ပဲလား။

ကိုယ့်အပေါ်ကျလာတဲ့ အပူကိုမှ
ကိုယ့်အပူလို့ ယူဆတတ်တဲ့ နေရာမှာ
စာနာခြင်း ပန်းပွင့်တွေ မစိမ်းလန်းတာ
မြေဆီ ဓာတ်ခံကမှ မကောင်းတာ။

မာရီယာရေ....
မတရားမှု တံစက်မြိတ်အောက် မှာ
ကိုယ့်တစ်ကိုယ်စာ ခိုလှုံ ရရုံနဲ့
မိုးခါးရေကို ချိုမြိန်တယ် လို့
မင်း ထင်ရော့လေသလား
ဒါမှမဟုတ် အနေသားကျသွားလေသလား
ကိုယ် မစဥ်းစားတတ်တော့ပါ။

# သျှမ်း

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...