Thursday, May 5, 2022



မာရီယာ ဖတ်ဖို့ - ( ၄ )

ရေးသူ အမည်မဖော်ဘဲ
လိပ်မူခဲ့တဲ စာတစ်စောင်မှာ
ကိုယ့်အလွမ်းတွေ ပါဆယ် ပါ ပါတယ်
မာရီယာ....

နောက်ဘဝဆိုတာ ကိုယ်မယုံဘူး
မျက်နှာ သာမပေးရင်
မင်းနဲ့ ထပ်ဆုံချင်မှ ဆုံမှာ ကို
မင်းနဲ့ အတူ နိဗ္ဗာန်လောက်အထိ လို့
ကိုယ် မဆို ပါဘူး
ငြိမ်းချမ်းရာ ဘုံကမ္ဘာမှာတော့
ကိုယ်တို့ ထပ်ဆုံ ချင်တာပေါ့

သေအတူ ရှင်မကွဲဆိုတဲ့
ကိုယ့်ရဲဘော်က လည်း 
တိုက်ပွဲနေရာ တစ်ခုမှာ ကိုယ့်ကို 
အတင်း ထားခဲ့တယ် မာရီယာ 

ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်
လမိုင်းကပ်ထားရတဲ့ အချိန်တွေ
ကိုယ့်အလွမ်းနဲ့ ကိုယ် ဘယ်ချိန်
ထပေါက်မလဲ မသိတဲ့ ဒဏ်ရာတွေနဲ့
အိပ်မရတဲ့ ညတွေဆို
ပါးစပ်ဖျားက တတွတ်တွတ်
ရွတ်နေမိတဲ့ ဆုတောင်းက
လောကဓံရေ....
ငါ မငြိမ်းချမ်းရင်တောင်
တိုင်းပြည်ဖြစ်ဖြစ် ငြိမ်းချမ်းပါစေပေါ့.....။

# သျှမ်း

3 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...