ကျွန်တော်နှင့်ပေါကြောင်ကြောင်စာစုများ ၂
မေ့လွယ်ပျောက်လွယ် ခေတ်ပေါ်ကမ္ဘာထဲ
လူတွေဟာ အစွန်းဖျားရပ်နေကြတယ်
ရေမရောတဲ့အချစ်တွေ ရှားပါးနေပြီ
ကော်ဖီတွေဟာ အေးစက်တာ မြန်လာတယ်
သဘာဝကသဘာဝကိုလိုက်ရှာနေရတယ်
ကဗျာတွေဟာ အချည်အနှောင်တွေနဲ့
တစ်နေ့နဲ့တစ်နေ့က ခဏလေးရယ်
တစ်ခါတစ်လေ ရှင်သန်နေရတာ
အကြောင်းအရင်းမရှိသလို
ချစ်ရသော နွေရေ မင်းရော ကိုယ်ရော
လူတွေအားလုံးရောတောင့်တကြတာက
သံစဥ်တွေနဲ့ရစ်ပတ်ပြီး
မေတ္တာတရားတွေသီကျူးထားတဲ့
တစ်ကမ္ဘာဘဲမဟုတ်လား
-ကျွန်တော်
click
ReplyDeleteDone
ReplyDelete