''I dare to love you.."
FAလို့ အခေါ်ခံရတိုင်း
သိမ်ငယ်ခဲ့ရတဲ့အခိုက်အတန့်၊
Couple challengeအခေါ်ခံရတိုင်း
အားငယ်ရတဲ့အခိုက်အတန့်တွေကို
''မ ''ရဲ့လက်ကလေးဆန့်ပြီး
လာရပ်တန့်ပေးပါတော့လား.....
အမြန်ပြန်လာပါ ''မ''ရေ
အကြိမ်ကြိမ်ခေါ်ကာ
တမ်းတနေရတယ်.....
ကြိတ်လွမ်းခဲ့ရတဲ့နှုတ်ခမ်းတွေ
ဘယ်အရပ်ကို
အနမ်းတွေပါးစေနေပြီလဲ.....
မမြင်တာ မဆုံတာ
အတော်ကိုကြာပေမယ့်
''မ''ရဲ့အကြင်နာသာ
မွတ်သိပ်နေခဲ့တာ.....
အိုကွာ...''မ''ရာ
ဘယ်နေရာပဲရောက်ရောက်
ခဏလောက်ပြန်ခဲ့
ဘယ်ရင်ခွင်ထဲအိပ်အိပ်
ခဏလောက်လိုက်ခဲ့.....
ခဏလေးပဲ နားထောင်ပါ
ဒီတစ်ခါ မတိမ်းရှောင်ပါဘူး
''ချစ်ရဲပါပြီ.....''လို့~
''I dare to love you.."
Sêcrêt Pâl
Photo #Pinterest

Crazy of Ma
ReplyDeleteအမြန်ပြန်လာပါ ကိုကို ရေ 😑
ReplyDeleteညီမလေးရေပဲ 🥰
ReplyDeleteခွဲခွာနေရသူများ အားလုံး အမြန်ဆုံး ပြန်ဆုံကြပါစေ
ReplyDeleteနေအုံးကွာ
ReplyDeleteမ click နေတယ်
လာလိုမြသေးဝူး 😁😁😁
နားလည်ပေးနိုင်သူကြီး
ReplyDeleteok
ReplyDelete😭
ReplyDeleteမမ မှ မမပဲ့ဗျ
ReplyDeleteမရေ..☹
ReplyDeleteဘဲမရှိသေးတဲ့မရေး လာပါတွဲရအောင်😑
ReplyDelete