Monday, April 18, 2022

ယုတ်မာခြင်းတွေကို ကောင်းကင်ကြီးဟာခွင့်ပြုထားတဲ့အခါ
ငါတို့သူရဲကောင်းတွေကလည်း ပျော်ပျော်ကြီးကိုပေးဆပ်ခဲ့ကြတယ်။
အမှန်တရားလုပ်လို့သေမိန့်ချခံရရင်
နှစ်ခါပြန်သေရလည်း သေရဲတယ်ဆိုတဲ့အာဇာနည်စိတ်ဓာတ်တွေ။

မိဘကိုလည်းစွန့်တယ်"သားသမီးကိုလည်းစွန့်တယ်"
လက်တွဲဖော်ကိုလည်းစွန့်တယ်။
အများအတွက်ရည်ရွယ်ပြီး လျောက်ခဲ့တဲ့ယုံကြည်ရာလမ်း။
သရဏဂုံတင်ပြီးမှရွေးချယ်ခဲ့တဲ့အမှန်တရားတွေပဲ။
တစ်ဘဝစံတွေလိုမျိုးစိတ်ဓာတ်မရှိခဲ့လို့ဂုဏ်ယူတယ်။

ငြိမ်းချမ်းစွာအိပ်စက်ပါ။ငြိမ်းချမ်းစွာအနားယူပါ။
အေးချမ်းစေလိုစိတ်တစ်ခုထဲနဲ့အားလုံးစွန့်ပြီး
အများအတွက်စတေးခဲ့တဲ့အသက်တွေပဲ။
ဒီဘဝဒုက္ခရောက်လို့ကယ်မဲ့လူမရှိခဲ့ရင်တောင်
သံသရာမှာတော့အေးချမ်းခွင့်ပြုမယ်မလား။
အေးချမ်းတဲ့နိုင်ငံမှာ
မိသားစုစုံလင်စွာတဖန်ပြန်လည်မွေးဖွားပါ💔

RIPပါ သူရဲကောင်းကြီးရေ😢💔

Khin Sandi

#springArts

22 comments:

  1. ​တော်လှန်​ရေးမှာအသက်​ပေးသွားသူ​တွေ​ကောင်းရာသုဂတိလားပါ​စေ

    ReplyDelete
  2. Rest in power our heroes🥀💔

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. နောင်ဘဝဆိုတာရှိခဲ့ရင် လူ့အခွင့်အ​ရေးအပြည့်အ​​ဝရတဲ့ လူကိုလူလိုဆက်ဆံတဲ့ အသိုင်းအဝိုင်းမှာ ပြန်​​ဝင်စားပါ​စေ သူရဲ​ကောင်းတို့​ရေ

    ReplyDelete
  5. ဂုဏ်ယူစွာနှင့်နှလုံးသားထဲ အမြဲရှင်သန်နေမယ့်သူတွေပါ
    ကောင်းရာဘုံဘဝရောက်ရှိကြပါစေ...💔🥀

    ReplyDelete
  6. ကောင်းရာဘုံ ဘဝမှာရှိနေကြပါစေ

    ReplyDelete
  7. အလေးနက်ပြုလျှက်ပါ

    ReplyDelete
  8. Our Hero PDF . We will meet again next life one day .

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...