Destiny
~ ~ ~ ~
နီးနီးလေးနေပေမယ့်
အမှုမဲ့အမှတ်မဲ့ အမှတ်တရမဖြစ်တဲ့
ရေစက်တွေ ရှိတတ်သလို
ဝေးလွန်းနေပေမယ့်
စူးစူးနစ်နစ် အမှတ်တရဖြစ်တတ်တဲ့
ရေစက်တွေလည်း ရှိတယ်
နှစ်ပေါင်းများစွာ တွေ့လာရပေမယ့်
မနေ့ကမှ တွေ့ရသလိုမျိုး
စိမ်းသက်သက် ရေစက်တွေရှိသလို
ခုမှ တွေ့ရပေမယ့်
နှစ်များစွာကတည်းက
တွေ့ဆုံပတ်သက် ရင်းနှီးခဲ့ရသလို
နီးလွန်းတဲ့ ရေစက်တွေလည်းရှိတယ်
သေချာတာကတော့
ချစ်ခြင်းရေစက်ကို ရှောင်လွှဲလို့မရနိုင်သလို
အမုန်းရေစက်ကိုလည်း ရှောင်လွှဲလို့လည်းမရနိုင်ပါဘူး
ရေစက်ပါသူတိုင်း ဆုံဆည်းနိုင်ကြပါစေ...
San Zuren 🌸
Thanks .
ReplyDeletehi
ReplyDeleteyessss.
ReplyDeleteရေစက်ပါသူတိုင်းဆုံဆည်းနိုင်ကြပါစေ
ReplyDelete