ချီဂွေဗားရားသ်ို့ ပေးစာတစ်စောင်
ငါတို့က လူငယ်တွေ
နေညိုရင် မေပျိုကို လွမ်းလို့
ဘုံဆိုင်မှာ ထိုင်ချင် ထိုင်လိမ့်မယ်
ခွေးမောင်းဖို့နဲ့ သွေးကြွေးတောင်းဖို့ကျ
သံယောဇဥ်တွေလည်း ငါတို့ ဖြတ်ရဲတယ်။
ဘယ်ကောင်သေရဲလဲ......ဟုတ်လား
စိန်ခေါ်တဲ့ကောင် မမောတမ်း စိန်ပြေးတမ်း
ဆော့မှတော့ လူငယ်တွေအကြောင်း
ပိုသိအောင် ဂူဂဲလ် တစ်ချက်လောက်
မင်းတို့ အရင် ခေါက် ကြည့်ခဲ့ သင့်တာ။
ကမ္ဘာကြီး လုံးတယ် ဆိုတာတောင်
သက်သေပြမှ ယုံခဲ့တဲသူတွေကို
မင်းတို့ ရဲ့အိပ်ရာဝင်ပုံပြင်တေးတွေနဲ့
မြူဆွယ်လည်း ငါတို့အမှတ်သည်းခြေ က
မမှတ်မိတော့ရင်တောင် နားထင်ကို
သေနတ်နဲ့ ပြန်ပြန်ချိန်ပြီး နာကြည်းနေရတယ်
အာဏာရှင်ဆိုတာ မေ့ပျောက်ပစ်လိုက်လို့
ကောင်းတယ်အရာမှ မဟုတ်တာ။
ချီဂွေဗားရား ရေး...........
ခင်ဗျားတို့ နိုင်ငံမှာရော မကောင်းမှုတွေ
ဆိတ်သုဥ်းကုန်ပြီးလားဗျ ကျုပ်တို့မှာတော့
သူ့ကျွန်ဘဝအပြင် ကိုယ့်ကျွန်ဘဝပါ
နှစ်ပေါင်းများစွာ တံခါးလာခေါက်ခဲ့တော့
တော်လှန်ရေးကို ဘာသာတရားတစ်ခုလို
နက်နက်ရှိင်းရှိင်း ကိုးကွယ်နေကြရတုန်း။
# သျှမ်း
Fly freely until you reach top, but do not forget to climb from the lowest point when you reach top.
ReplyDeleteDone
ReplyDeletedone
ReplyDelete❤️
ReplyDeleteအဆုံးသတ်မှာ ငါတို့ဘဝတွေအမြဲလှပါစေ🙏🏻
ReplyDelete👏
DeleteThis comment has been removed by the author.
ReplyDeleteကမ္ဘာကြီးတစ်ခုလုံး သက်သေရှိပါတယ်
ReplyDeleteငါတို့ဟာ အထိအခိုက် အကျအရှုံးများပေမယ့်
ဓမ္မဖက်က ရပ်တည်ခဲ့သူတွေဖြစ်ကြောင်း ။
-မောင်ယုပိုင်
ရှိုင်းရှိုင်း*
ReplyDeleteC4T
ReplyDeleteDone
ReplyDeleteတော်လှန်ရေး ကိုဘာသာတရားတခုလိုကိုးကွယ်နေရတုံးဘဲ
ReplyDeleteရှေ့ဆို မိုးရာသီ ဖြစ်ပြီ ကလစ်အားက မကျဖို့ပဲဆုတောင်းရမယ်
ReplyDeletedone
ReplyDelete💖💪💜
ReplyDelete💝
ReplyDelete