"ဘဝဆိုတာ တိမ်ပန်းချီလိုပါပဲ!!!"
❤💛💚💙💜🖤
မနက်ဖြန်ဆိုတာ
တကယ်မသေချာတော့ပြီမို့
လက်ကျန်ဘဝလေးကို
မင်းနဲ့ပဲရှေ့ဆက်သွားချင်တယ်
_
မင်းဟာ ကိုယ်နဲ့ ထိုက်တဲ့အလင်းမို့
တန်ဖိုးရှိတဲ့အရာအတွက်ပဲ
ခြွေတာသုံးစွဲသွားမယ်
-----
အရာရာကို စွန့်လွှတ်ဖို့
ကြိုးစားသလို
ကိုယ်တို့ကမ္ဘာကို လက်လွှတ်ဖို့လည်း
တွေးထားမယ်
ဒါဟာ ရမ္မက်နည်းလို့တော့
မဟုတ်ဘူး
ဘယ်အရာအတွက်ကြောင့်နဲ့မှ
ကိုယ်တို့ဘဝကို
မပူလောင်စေချင်တော့ဘူး
-----
ကိုယ်တို့မြတ်နိုးမိတဲ့
သက်တံဟာ အချိန်မရွေး
ကွယ်ပျောက်သွားနိုင်တယ်
-----
အများကြီး မသိပေမယ့်
ဘဝဆိုတာ
ဘာလဲလို့ ကိုယ့်ကိုယ်ကိုလာမေးရင်
တိမ်ပန်းချီလိုပါပဲလို့
ဖြေမိလိမ့်မယ်
-----
အလင်းနဲ့ထိုက်တဲ့
လူသားဆိုပေမယ့်
အမှာင်ယံတွေ လာရင်လည်း
ရင်ဆိုင်ကျော်လွှားမယ်
သန်မာတယ်လို့တော့
ဘယ်ဟုတ်မလဲ
နေ့ရက်တွေတိုင်းကို
အနိုင်နဲ့ပိုင်းဖြတ်ဖို့
အားသစ်ထပ်ဆောင်းနေရတဲ့
ကိုယ့် မသေဆေးဟာ မင်းလေးပေါ့
-----
ဒီလိုပါပဲ ကိုယ်လည်း
လူတွေထဲက လူပဲမို့
လောကဓံရဲ့ရိုက်ချက်က
ပြေးမလွတ်ခဲ့ပါ
ဒါ ပေ မယ့်.....
အရမ်းအားငယ်လာတဲ့အခါကျရင်
မင်းရဲ့အနားကို
ခေါင်းလေးတိုးဝင်ရင်း
မင်းရဲ့ကိုယ်သင်းရနံ့လေးရှူရှိုက်လို့
အမှိုင်းစိတ်တွေကို
ဖယ်ထုတ်ပစ်လိုက်ချင်တယ်.....
-----
Sêcrêt Pâl
👍👍👍
ReplyDeleteDone
ReplyDelete😍
ReplyDeleteလက်ကျန်ဘဝလေးကိုမင့်နဲ့ဘဲအချိန်ကုန်တော့မယ်
ReplyDeleteDone
ReplyDeletegood day
ReplyDelete