"ရင်ခုန်သံဝေး သူစိမ်းလေးသို့ "
သံသယတွေကြားက
မမေးရက်တဲ့စကားတွေအတွက်
မျက်ရည်တွေလည်း
အထိန်းအကွပ်မရှိ
စိုစွတ်စီးဆင်းနေကျ~
########
အချစ်သစ်ဆိုတာ
အဆိပ်သင့်နေတဲ့နှလုံးသားအတွက်
ဖြေဆေးဆိုပေမယ့်လည်း
မသုံးစွဲရက်ဘူး
အမုန်းပွားလို့မရတဲ့
အပြုံးများကသက်သေ~
##########
မပြောင်းလဲခြင်းတွေကသာ
အစဉ်အမြဲပြောင်းလဲနေ
ရက်ကြွေလဟောင်း
ပြန်ပြောင်းရာသီအလီလီရယ်နဲ့
ထုံးဖွဲ့ကာတည်သစ္စာချည်~
###########
လူပြောလည်းများလှပြီ
အနေအနှောလည်းများလှပြီ
ခင်ဗျားနဲ့ခင်ဗျားချစ်သူအကြောင်း
ကျွန်တော်မသိရင်ကောင်းမယ်
အခုတော့___
လယ်ပြင်မှာဆင်သွားသလို
ထင်ထင်ရှားရှား~
#########
ခင်ဗျားဖက်က
တစ်ပါးသူကိုမေတ္တာရှိလည်း
တရားလွန်သစ္စာနဲ့
ခင်ဗျားအပူမဖြစ်ရအောင်
စကားမဆူပါဘဲ
လမ်းခွဲပေးမယ်
ကြည်ကြည်ဖြူဖြူ~
##########
နောက်နောင် ဘယ်တော့မှ
စိတ်ယိုင်မကျပါနဲ့
နောက်နောင် ဘာဖြစ်ဖြစ်
လည်ပြန်မကြည့်ပါနဲ့
နောက်နောင် ပြန်ဆက်ကြဖို့
ငါတို့တွေ ---_---_---
ပြန်မစပါနဲ့~
###
ဖြစ်နိုင်မယ်ဆိုရင်
ခင်ဗျားဖက်ကပဲ
ဆင်ဆင်ခြင်ခြင်နေပေးပါ
ကျွန်တော်က
ခင်ဗျားနဲ့ပတ်သက်လာရင်
ဆင်ခြင်နိုင်စွမ်းမရှိလို့ပါ~
Sêcrêt Pâl
No comments:
Post a Comment