"အသက်ဘူးလေးသို့-၂"
ပေါင်းစည်းဖို့လည်း
မကြိုးစားသလို
မေ့ပစ်ဖို့လည်း
မကြိုးစားဘူး
အလွမ်းဓာတ်ခံရှိသူမို့
လွမ်းဆွတ်ရခြင်းတွေကို
မြတ်နိုးတယ်....
🍃🍃🍃
တနင့်တပိုး
သိမ်းထားမိတဲ့
အမှန်တရားတွေလည်း
ချန်ထားဆဲပါ.....
🍃🍃🍃🍃🍃
ကိုယ့်အမှန်တရားနဲ့ကိုယ်
မွှန်းကြပ်မိတဲ့အချိန်တွေဆို
ရူးမတတ်ဖြစ်ရလို့
မျက်ရည်ဝဲမိတယ်
အသက်ဘူးလေးကို
အသည်းကွဲစေခဲ့မိလို့.....
🍃🍃🍃
ကိုယ်ရေးတဲ့စာကို
ကိုယ့်ရဲ့ အသက်ဘူးကလေး....
ဖတ်သည်ဖြစ်စေ
မဖတ်သည်ဖြစ်စေ
ကိုယ် ရပ်လိုက်မှာမဟုတ်ဘူး
🍃🍃🍃🍃🍃
နေ့ရက်တိုင်း အဆင်ပြေနေပါစေ......🌷
Sêcrêt Pâl
No comments:
Post a Comment