Wednesday, February 9, 2022

Padမရှိတဲ့အ‌ကြောင်း

တောထဲမှာ 
Pad မရှိဘူး.
စ က စ တွေ ဝိုင်း ထား ဆိုမှ
Menstration လာတယ်
Pad မ ရှိ ဘူး
အင်္ကျီစ ဖြဲ ဆုတ်
အခုအခံ လေး က မလုံ
သွေး ဆင်း တာ များ
ယောက်ျားလေးမ ဟုတ်တာ နာ တယ်
Pad မရှိဘူး
ဗိုက်ထဲ ကလည်း ထိုး အောင့် နေ…

Pad မရှိဘူး
အဝတ်စ နဲ့ မရတော့
ပလတ်စတစ် လေးတွေ စုထပ်
အဝတ်စ နဲ့ ပတ်
မဆိုးပါ ဘူး
စိမ့် ပေါက်သမျှတော့ စွန်း ထင်း…

အိမ် မှာတုန်းက
Pad တွေ အများ ကြီး
ခု တော ထဲမှာ
Pad မရှိဘူး
တခါ သုံး မဟုတ်တော့
သုံးတဲ့ ပိတ်စလေးတွေ
 ပြန်လျှော်အ ခြောက် လှမ်း
ပြန် သုံး
Pad မှ မရှိ တာ…

အိမ် မှာ လို
ထမီ လည်း မရှိ
မိန်းခလေး အားလုံး ပေါင်း မှ
ရေ လဲ တထည်…

ရဲဘော် တယောက်
လာပေး တဲ့ ပုဆိုး တထည်
ဝတ် ရတယ်
စွန်းပေ ရင်း လှည့် ဝတ် ရင်း
ဒီ ရက်တွေ ဖြတ်သန်း
Pad မှ မရှိ တာ…

ပုဆိုး ကို
 သေချာလျှော်ဖွပ် ထားပေမယ့်
 ပြန်ပေး ဖို့ အားနာ
စိတ်သန့် ပါ့ မလား
ဘုန်းနိမ့် တယ် တို့ ဘာ တို့…

ဟာ ဗျာ
ထမီ ခေါင်းပေါင်းပြီး
သပိတ် ထွက် ခဲ့ တာပါ ဗျ
စစ်ခွေး တွေ ကို
ထမီ တန်းအောက်က 
တော်လှန်ခဲ့ တာ တွေ
 ပြန် ယူသွား ပါ့ မယ်
အားမ နာ နဲ့…

ကျနော်တို့ထက်
ပို ပင်ပမ်း နေမယ့်
အစ်မ အတွက်
Pad ထွက် ဝယ်ပေး ဖို့ရာ
အဆင် မပြေ ခဲ့တာ
တောင်းပန် တယ်…

Pad မရှိ ပေ မယ့်
တော် လှန်ရေး ဟာ
ရင့် ကျက် နက် ရှိုင်း ခဲ့…

Pad မရှိ ဘူး.။   ။
                    

#ဆွေရည်လင်း

13 comments:

  1. စိတ်ထိခိုက်ရတယ်

    ReplyDelete
  2. ဘာပြောရမှန်းမသိအောင်ဆွံ့အ။အဲဒီ့အရာအတွက် သီးသန့်လေးဖယ်ပြီး ဂရုစိုက်ပေးကြပါလားဗျာ။

    ReplyDelete
  3. အဲဒီ့ကိစ္စအတွက် သီးသန့်အလှူငွေကောက်ပါလား။တတ်နိုင်သလောက်ထည့်ပါ့မယ်

    ReplyDelete
  4. မပျက်မကွက်ကြိုးစားပြီး
    clickနေပါတယ်

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...