Wednesday, February 9, 2022


"အလှဆုံးခေတ်"

အကျဉ်းကျနေတဲ့နေရောင်အောက်မှာ
အသက်ရှူရတာကအစ မလွတ်လပ်

လေဟာ
မောပမ်း

မြေဟာ
နွမ်းနယ်

ဝေးကွာခြင်းဟာ
မီးရထားသံလမ်းများကို
အရည်ပျော်ကျသွားစေတယ်

စစ်ကြီးပြီးရင်
ခန်းစီးအသစ်တွေလဲကြမယ်

ပျော်စရာကောင်းတဲ့
ဖျော်ရည်တွေသောက်ကြမယ်

ဘုရားစင်ပေါ်မှာ
အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ်

တောင်းရမယ့်ဆုက
ချစ်သူများသာ အဓွန့်ရှည်ပါစေ။

-ကြည်ဇော်အေး

Art crd to uploader from Phaw Way didn't say "No way" (Minn PK)

11 comments:

  1. ပြည်သူဘက်တော်သားအားလုံး အောင်ပွဲဆင်နိုင်ဖို့
    ဘုရားစင်ပေါ်မှာ အလန်းဆုံးသပြေတွေ ကပ်လှူထားတယ်။

    ReplyDelete
    Replies
    1. သာဓုသာဓုသာဓုပါရှင်

      Delete
  2. တိုတောင်းလှတဲ့ ဘဝလေးမှာ
    စိတ်ကောင်းရှိသူတိုင်းဟာ
    အမြဲစိတ်ချမ်းသာရမှာပါ…

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...