"ဒါကြီးပြီးသွားရင်"
ဒါကြီးပြီးသွားရင်
နေရောင်ခြည်အောက်မှာ
လမ်းလျှောက်မယ်
မြေကပ်ပန်းဝါဝါလေးတွေဆီ သွားမယ်
ဒါကြီးပြီးသွားရင်
မင်းတို့မြို့ကရထားတွေ
ငါတို့မြို့ကိုဝင်လာမယ်
ငါတို့မြို့ကရထားတွေ
မင်းတို့မြို့ကိုဆိုက်မယ်
ဒါကြီးပြီးသွားရင်
အခန်းအောင်းပြီး
စာရေးတဲ့စာရေးဆရာတွေ
စာအုပ်တွေ တစ်အုပ်ပြီး
တစ်အုပ်ထွက်လာမယ်
ပျင်းရိသောအနုပညာရှင်ကတော့
အဲဒီစာအုပ်တွေ
တစ်ခုချင်းလှန်ကြည့်နေမှာပဲ
ဒါကြီးပြီးသွားရင်
လက်ဖက်ရည်ဆိုင်က
လက်ဖက်ခြောက်နံ့ဟာ
နို့နံ့ရောလို့
လမ်းပေါ်ကို ရောက်လာမယ်
ဒါကြီးပြီးသွားရင်
မြို့လယ်ကောင်က ရုပ်ရှင်ရုံမှာ
ရေခဲခေတ်သို့ဆိုတဲ့
ဇာတ်ကားပြန်ကြည့်မယ်
ဒါကြီးပြီးသွားရင်
စာတိုက်ကိုသွားပြီး
စာတစ်စောင်ထည့်မယ်
ဒါကြီးပြီးသွားရင်
ရေခဲမုန့်ဆိုင်သွားပြီး
တစ်ခုဝယ်စားမယ်
ဒါကြီးပြီးသွားရင်
ဈေးပေါသော mask ကလေးလို့
ဝတ္ထုတစ်ပုဒ်ရေးမယ်
ဒါကြီးပြီးသွားရင်
အိမ်ကိုရောက်အောင် ပြန်မယ်ကွယ်။
-နေမျိုး
ဒါကြီးပြီးသွားရင် လုပ်ငန်းခွင်ထဲပြန်မယ်
ReplyDeleteကိုငှက်သီချင်းထဲကတောင်းဆိုသလို လိုအပ်နေတဲ့ကွက်လပ်တွေကိုဖြည့်မယ်
Deletedone
ReplyDeleteခေတ်အဆက်ဆက်မှာ
ReplyDeleteလူငယ်တွေဟာတာဝန်ကျေခဲ့ကြတယ်။
ဒီနွေဦးတော်လှန်ရေးမှာလဲ
လူငယ်တွေဟာ နေ့စဉ် တန်ဖိုးရှိတဲ့ အသက်တွေရင်းပြီး
နောက်မျိုးဆက်အတွက် ပေးခဲ့တယ်..
သွေးနှင့်ရင်းတဲ့နိုင်ငံတော်
တန်ဖိုးကြီးတဲ့နိုင်ငံတော်
လွတ်လပ်ပြီးတရားမျှတတဲ့ နိုင်ငံတော်...။
*နောက်လူတွေ သေချာထိန်းသိမ်းမယ်နော်
-Clicker Nyopyar