Sunday, February 20, 2022

ဘယ်တော့မှမမေ့ဘူး

မမေ့ဘူး
ဘယ်တော့မှ မမေ့ဘူး

ခဏလောက် ခေါ်သွားပါရစေ
စစ်ဆေးပြီးရင် ပြန်ပို့ပေးမယ်
အဲဒီညကို
ဘယ်တော့မှ မမေ့ဘူး

ညို့သကျည်းကို
မျဉ်းလုံးနဲ့ လှိမ့်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

ပလတ်စတစ်အိတ်ကြီး စွပ်ပြီး
ဘယ်ပြန်ညာပြန် ပါးရိုက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

အိမ်သာထဲမှာ ဘီယာဘူးခွံ စုတ်လေးနဲ့
အိမ်သာသုံးရေကို ခိုးသောက်ခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

စားထားတဲ့ ထမင်း
အတောင့်လိုက် အန်ထွက်လာအောင်
ရင်ဝ ဖနောင့်နဲ့ ပေါက်ခံခဲ့ရတာကို
ဘယ်တော့မှ မမေ့ဘူး

သမံတလင်းပေါ်မှာ
တိရစ္ဆာန်တကောင်လို နေခဲ့ရတဲ့
ငရဲခန်းကာလ ၁၇ ရက်ကို
ဘယ်တော့မှ မမေ့ဘူး 

အဖေ ခံစားခဲ့ရတဲ့ စိတ်သောက ဒုက္ခတွေကို
ဘယ်တော့မှ မမေ့ဘူး
အမေ ကျခဲ့ရတဲ့ မျက်ရည်ပေါက် ကြီးငယ်တွေကို 
ဘယ်တော့မှ မမေ့ဘူး
ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ ငါ့ရဲ့ မိသားစု ဘဝကို
ဘယ်တော့မှ မမေ့ဘူး

နေ့စဉ်နဲ့အမျှ
လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့
နှစ်ကာလများကို
ဘယ်တော့မှ မမေ့ဘူး ။

#လှသန်း

11 comments:

  1. မမေ့ဘူး

    ဘယ်တော့မှ မမေ့ဘူး။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. လူကိုသတ်လို့ရချင်ရမရ်
      မုန်းတီးစိတ် သွေးကြေးဆပ်ချင်စိတ်ကို
      ဘယ်လိုမှ သတ်လို့မရ

      Delete
  3. ဘယ်​တော့မှ မ​မေ့မှာ​တော့ ​သေချာ​တယ်

    ReplyDelete
  4. ဘယ်​တော့မှ မမ​ေ့ဘူး

    ReplyDelete
  5. "နေ့စဉ်နဲ့အမျှ

    လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့

    နှစ်ကာလများကို

    ဘယ်တော့မှ မမေ့ဘူး။"

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...