လက်နက်ရှိပြီး ကျည်မရှိတဲ့အခါ
သေနက်တစ်လက်က တုတ်တစ်ချောင်းသာသာပါပဲ၊ ဘာမှသုံးစားလို့မရတော့ဘူး..
သတင်းတွေလဲ ကြားပြီးလောက်ပြီ ထင်ပါတယ်
ပစ်စရာ ကျည်မရှိတော့လို့ နပန်းဝင်လုံးကြတဲ့
PDF ၈ ဦးကျဆုံးသွားတယ်ဆိုတာ။
ဝမ်းနည်းပြနေရုံနဲ့မပြီးသေးပါဘူး ..။
ကိုယ်တက်နိုင်သမျှ တော်လှန်ရေးမှာပါဝင်ပေးကြစေလိုပါတယ်...။
ကိုယ်တက်နိုင်သမျှ ထောက်ပံ့ကြပါ
အားပေးကြပါ။...။
တော်လှန်ရေးကြာလာတာတဲ့အမျှ
အားပျော့သွားတဲ့ ဘက်
စိတ်ဓာတ်ကျသွားတဲ့ အဖွဲ့က အရှုံးပါပဲ...
ဒီတော်လှန်ရေးက ပြည်သူကသာ အဓိကပါ
တစ်နှစ်ကြာတော့ ပြည်သူတွေလဲ ပင်ပန်းလှပြီ
ဆိုတာသိပေမယ့်
တော်လှန်ရေး အမြန်ဆုံးအောင်မြင်ချင်ပြီဆို၊
အာဏာရှင်လက်အောက်က အမြန်ဆုံး လွတ်မြောက်ချင်ပြီဆို၊
အမြန်ဆုံး ကိုယ့်နိုင်ငံကို အေးချမ်းစေချင်ပြီဆို
နီးစပ်ရာ မြေပြင် PDF အဖွဲ့တွေကို တက်နိုင်သလောက်လှူကြပါလို့
ထပ်မံပြီး တိုက်တွန်းပါရစေ..။
ဒီစစ်ပွဲဟာ တရားသည် မတရားသည်
ဆုံးဖြတ်နေရုံနဲ့ ဘာမှဖြစ်မလာပါဘူး...။
ငြင်းခုံနေကြရုံနဲ့လဲ မပြီးပါဘူး။
တရားသောစစ်မိုလို့ နိုင်မှာပဲလို့ ဆုတောင်းနေရုံနဲ့ ပြီးမြောက်သွားမယ့် အဆင့်မဟုတ်တော့ပါဘူး..။
ခုချိန်မှာ စကစ က သူလုပ်စရာရှိတာ မှန်သမျှ၊
ကောက်ကျစ်စရာရှိတာမှန်သမျှ၊ ညစ်တွန်း တွန်းစရာရှိတာမှန်သမျှကို တဆင့်ချင်းစီ တွန်းအားတွေနဲ့ စနစ်တကျ လုပ်နေပါတယ် ။
စကစဟာ စစ်တပ်ဟာ ထောက်ပံ့မှုပုံမှန်ရနေပါသေးတယ်။
နှစ် ၆၀ ကျော် ဖွဲ့စည်းထားတဲ့ လက်နက်အင်အားသာလွန်တဲ့ စစ်တပ်ကို နေ့ချင်းညချင်း
ရင်ဆိုင်တိုက်ခိုက်နေတာ၊ ပွဲတိုင်းနီးပါး နိုင်နေတာ PDF တွေရဲ့ စိတ်အားထက်သန်မှု၊ယုံကြည်မှုနဲ့ ပြည်သူတွေရဲ့ ထောက်ပံ့ပေးနိုင်မှုတွေကြောင့်ပါ။
PDF တွေရဲ့ စိတ်အားထက်သန်မှုနဲ့ တိုက်လိုခိုက်လိုစိတ်ရှိမှုဟာ ပြည်သူတွေရဲ့ ထောက်ခံအားပေး မှုနဲ့ တိုက်ရိုက်အချိုးကြပါတယ်။
မရပ်တန့်ကြပါနဲ့
သွေးမအေးသွားကြပါနဲ့
ရတဲ့နည်းနဲ့ အဘက်ဘက်နေ တွန်းလှန်ပေးကြပါ
ငါတို့ နိုင်မှ ကျွတ်လွတ်မယ့်သူတွေရှိတယ်
ငါတို့နိုင်မှ လွတ်မြောက်မယ့်သူတွေရှိတယ်
ငါတို့နိုင်မှ ပြည်တော်ဝင်ရမယ့်သူတွေရှိတယ်
ငါတို့နိုင်မှ အိမ်ပြန်ရမယ့်သူတွေရှိတယ်
ငါတို့နိုင်မှ ပေါင်းဖက်ရမယ့်သူတွေရှိတယ်
ငါတို့နိုင်မှ....
ငါတို့နိုင်ကို နိုင်ရမယ်ဆိုတဲ့ စိတ်ရှိနေသေးတယ်ဆိုရင်
ဒီတော်လှန်ရေးကို အားသွန်ခွန်စိုက် ထောက်ပံ့ပေးကြပါ...
တောင့်ခံပေးကြပါ...
တကယ်မြေပြင်မှာ ဘယ်လောက်ရုန်းကန်ရမလဲ စစ်ပွဲတစ်ခုကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာ
စစ်တိုက်ဖူးတဲ့ သူတွေပဲ သိနိုင်တာမို့
ကိုယ်ချင်းစာမိပါတယ်။
မပြည့်စုံမှုတွေ ကြားထဲက နိုင်ငံကို စစ်ကျွန်ဘဝကနေ လွတ်မြောက်ဖို့ ကြိုစားနေကြတာကိုလဲ
သိပေးကြပါ။
ကိုယ်ကျိုးအတွက် အလှူခံနေတဲ့ အဖွဲ့တွေလဲ
ကိုယ့်ကိုကိုယ် ရှက်တက်ကြပါ။ သောက်ရှက်
ရှိကြပါ။
တော်ရုံတန်ရုံ စားရုံသောက်ရုံလောက်ပဲ အလှူခံကြပါ၊ တစ်သက် စားမကုန်အောင်လို့ ရှာမနေကြပါနဲ့
လို့ ပြောချင်ပါတယ်။
#နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ထောက်ပံ့ကြပါလို့ တိုက်တွန်းလိုပါတယ်။
#အရေးတော်ပုံမုချအောင်ရမည်
HAM
This comment has been removed by the author.
ReplyDeleteကျနော်တို့မှာ ကျနော်တို့ပဲရှိတယ်
ReplyDeletedone
ReplyDeletedone
ReplyDeleteပြည်သူသာလျှင်အဓိကပါ။ လူတိုင်းပူးပေါင်းပါဝင်နိုင်ပါမှ တော်လှန်ရေးအမြန်အောင်မြင်ပါမည်။
ReplyDeleteမျှော်လင့်ချက်တွေနဲ့ ပတ်သက်ရင်
ReplyDeleteကျမတို့အားလုံး တူညီကြပါတယ် ..
ပါဝင်ပေးနိုင်မှုတွေနဲ့ ပတ်သက်လာရင်တော့
ကျမတို့ နည်းနည်း ကွဲပြားကြတယ် ..
လူအချို့က
အရိပ်မှာနေရင်း နေပူကြောက်ကြရှာတယ်🌸
မှန်တာပြောရင် ရွာအပြင်ထုတ်ခံရမယ်တဲ့...
ReplyDeleteလာခဲ့ဗျာ ကျနော်တို့တွေမှန်တာပြောရင်း
ရွာပြင်မှာ မြို့တည်ကြမယ်
ခုချိန်မှာလူတိုင်း လူတိုင်းရဲ့
ReplyDeleteကူညီထောက်ပံ့မှုကိုလိုအပ်တယ်
ဘယ်သူအတွက်လဲ
ဘယ်သူ့အတွက်လို့ ထင်ပါသလဲ
ခင်ဗျားတို့ကျနော်တို့ရဲ့အနာဂတ်အတွက်၊
လူတိုင်း လူတိုင်းရဲ့အနာဂတ်အတွက်ပါပဲ။
အားလုံးရဲ့အနာဂတ်အတွက်
သူတို့အနာဂတ်ကိုရင်း အသက်စွန့်
ကာကွယ်ပေးမယ့် သူရဲကောင်းတွေကို
ထောက်ပံ့ပါ ကူညီပါ အားပေးပါ..…။
အဲလိုမှမဟုတ်ရင်
ဒီကာလဟာ ကြာရှည်ပြီး မြေပြင်ပေါ်က
ကြယ်တွေ ထပ်ကြွေရလိမ့်မယ်။