The Modern
တစ်နေ့နေ့မှာတော့
အမှန်တရားဟာ အသက်ရှုချောင်တော့မပေါ့
ခေတ်ပျက်ကြီးထဲ ရေးသားခဲ့သော
ဤဘာမှန်းမရေရာ စာတွေက
သံတိုင်နောက်သွားဖို့ လုံလောက်များနေမလား
တစ်ယောက်ကိုတစ်ယောက်စကားနဲ့ဆက်သွယ်ကြ
စာလုံးတွေကိုခွန်အားရှိအောင် ပေလွှာပေါ်ရေးတင်ရ
စာပန်းချီခြယ် ရင်ဝယ်ရှိသမျှရေးချခြယ်ရ
ဪနားလည်ရခက်ပေသော ပန်းချီကားပေပေါ့ဗျ
ဤနိုင်ငံမှာခြယ် ဤနိုင်ငံမှာမဝယ်ဘူးဗျ
ငါတို့ဟာအလကား ငါတို့ဟာပြိုင်စံရှား
မြေကြီးအောက်ရောက်ကာမှ ဦးနှောက်ကိုဖောက်ကာစား
နှလုံးရိုင်းအပုပ်ကိုသွေးပြီးခါကျ
တန်ဖိုးကြီးသံယဇာတ
သိမ်းပြန်ပဟ ငါတို့အဘ
ကိုးဆယ်နဲ့ခြောက်မျိုး ရောဂါလိုဆိုးလှတဲ့
ဦးနှောက်ထဲကဆဲလ်တို့တွေရဲ့ အားပေးမှုတလွဲ
ကုရာနတ္ထိဆေးမရှိတာ မျက်မြင်ပါပဲ
ကုန်လွန်ပြီးသော အနှစ်၇၀
ရပါတယ်
ရပါတယ်
ရပါတယ်
ခံစားကြည့်လို့တကယ်ပဲရပါတယ်
ဖြေသံစကား
ကြားချင်မိပါရဲ့
ငါရေးခြယ်ထားသော ပန်းချီကားမယ်
ဆင်ဆာဖြတ်စရာ နီနီဝါဝါပါပါတယ်
ဤသည်ကား အနုပညာမည်၏
အဓိပ္ပာယ်ဟူကား ရေရာလှသည်မရှိ
ကြည့်သူတို့
ထိ
မိ
ရှိ
မရှိ
မင်းလည်းသိတယ်
ငါလည်းရှိတယ်
အနီဆေးတို့ ရေးရေးလေးခြယ်တိုင်း
သမိုင်းကိုကြည့်တယ်
ဘယ်အရောင်နဲ့ ဘယ်ကဗျာ
လိုက်ဖက်လို့နေမလဲ
ငါလည်းမသိ
ခြယ်သရင်းကြည့်ရင်း
ပေါ်လွင်လို့ရှင်းလင်းသမျှ
အခင်း
အကျင်း
အလင်း
အမှောင်တို့သာ
ကဗျာနဲ့ပန်းချီကို
ရေး
ခြယ်
သီ
ငါရဲ့ဆိုက်ကိုပန်းချီ
နားလည်ရခက်ပါသည်။
#Tommy
😍😍
ReplyDeleteStay strong.
ReplyDeletedonr
ReplyDelete👍
ReplyDelete✔✔
ReplyDelete